ဧရာဝတီတိုင်း
(မင်းလှ)၊ ဖေဖော်ဝါရီလ ၁၄ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၌ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ရာအိမ်မှူးဖြစ်သူစိုးနိုင်အား မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် သာယာဝတီဂဠုန်တပ်ဖွဲ့တို့ ပူးပေါင်းရှင်းလင်းခဲ့ကြောင်း သိရသည်။
ရာအိမ်မှူးစိုးနိုင်မှာ မင်းလှမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်း၍ ပဲခိုးရိုးမအတွင်းသစ်ခိုးထုတ်လေ့ရှိပြီး ၎င်းအား သစ်ခိုးထုတ်ရန်လာရာလမ်းတွင် နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် သေနတ်ဖြင့် ၂ ချက်ပစ်ခန်ရှင်းလင်းခဲ့ပြီး နေရာတွင်ပင်သေဆုံးခဲ့ကြောင်း သိရသည်။
“သူ့ကို မင်းလှမြို့နယ်ကဂဠုန်တပ်ခွဲ နဲ့မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်းပြီး ရှင်းလင်းခဲ့တာ။ အခု သစ်ခိုးထုတ်ဖို့အလာလမ်းမှာ စောင့်ပြီးပစ်ခတ်ခဲ့တာ။ စမ်းဘုတ်ကျေးရွာအုပ်ချုပ်ရေးမှူးရယ်၊ သူရယ်၊ တခြားသူတွေရယ် တူတူလာခဲ့တာ။ ဝောာလမ်းဆိုတော့ တခြားသူတွေနဲ့ ဝေးေ တုန်း သူ့ကို့ရှင်းခဲ့တာ။” ဟု သာယာဝတီ(ပကဖ) တာဝန်ရှိသူကဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်လက်အောက်ခံ ရာအိမ်မှူး စိုးနိုင်သည် စစ်ကောင်စီနှင့်ပူးပေါင်း၍ ပြည်သူများအား ခြိမ်းခြောက် ဆဲဆိုခြင်း၊ အာဏာပြခြင်းများ ပြုလုပ်လေ့ရှိပြီး ၎င်းထံမှ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေသား ၁၃၅၀၀၀ ကျပ် သိမ်းဆည်းရမိခဲ့ကြောင်းလည်း Bago Region PDF ထံမှ သိရသည်။
ရှင်းလင်းခံရသည့် ရာအိမ်မှူးစိုးနိုင်၏ သတင်းပေးလမ်းပြမှုကြောင့် ပဲခူးရိုးမအတွင်းရှိ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတည်နေရာ ပေါက်ကြားခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင်စစ်ကောင်စီမှ စီးနင်းတိုက်ခိုက်ခဲ့ပြီး မင်းလှ PDF မှ တပ်ခွဲမှူးရဲဘော်ကျဆုံးခဲ့ရကြောင်းလည်း သိရသည်။