ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၄ ရက်

ကမ္ဘာ့နိုင်ငံတွေအတွင်း ပုံစံမျိုးစုံနဲ့ ပဋိပက္ခတွေ ဖြစ်ပွားကြပေမယ့် ပဋိပက္ခတွေဟာ အမြဲတမ်းလိုလို အာ ဏာရရှိရေးနဲ့ပတ်သက်ပြီး ဖြစ်ကြတာဖြစ်ပါတယ်။ ရုရှားကျူးကျော်စစ်နဲ့ လွန်ခဲ့သောနှစ်နှစ်က မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ ရက်စက်ကြမ်းကြုတ်သော စစ်တပ်အတွက် အမှန်တရားပဲဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲက ကမ္ဘာ့သတင်းတွေမှာ လွှမ်းမိုးခဲ့ပြီး ဒေါ်လာဘီလီယံချီတန်ကြေးရှိ စစ်လက်နက်တွေ၊ အ ခြားအကူအညီတွေကို ဆွဲဆောင်ခဲ့ပေမယ့် မြန်မာ့ပဋိပက္ခကိုတော့ ပြင်ပနိုင်ငံတွေက ကြီးကြီးမားမား သတိမထား မိဘဲ အရပ်သားအတိုက်အခံတွေဟာ အနည်းငယ်သော ပံ့ပိုးကူညီမှုသာ ရရှိခဲ့ပါတယ်။ သေချာတာကတော့ အ ရှေ့တောင်အာရှဟာ အာဏာသိမ်းမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ဒေသဖြစ်ပါတယ်။

ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေဟာ ဒီမိုကရေစီ အသွင်မကူးပြောင်းမီ အာဏာသိမ်းမှု ခေတ်တွေ ကြုံတွေ့ခဲ့ရပါတယ်။ ထိုင်းနိုင်ငံဟာလည်း ၂၀၀၆ ခုနှစ်မတိုင်မီ အာဏာသိမ်းမှုနှစ်ကြိမ် ကြုံခဲ့ရပြီး စစ် တပ်နဲ့ ဘုရင်ရဲ့ ပူးတွဲအာဏာချုပ်ကိုင်မှုကို ချိုးဖျက်မယ့် နိုင်ငံရေးအပေးအယူတစ်ရပ် မရသေးပါဘူး။ မြန်မာနိုင်ငံ ဟာ အာဏာသိမ်းမှုမှာတော့ ထိပ်ဆုံးကဖြစ်ပါတယ်။ မြန်မာဗိုလ်ချုပ်ကြီးတွေက ၁၉၆၂ ခုနှစ် မှာ အာဏာသိမ်းခဲ့ပါ တယ်။

စစ်တပ်ရဲ့ တိုက်ရိုက် အုပ်ချုပ်မှုကနေ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အာဏာရှင်စနစ်ကို တစ်ဖြည်းဖြည်း ပြောင်းလဲလာပြီးနောက် စစ်အစိုးရကို တရားဝင် ဖျက်သိမ်းကာ အရပ်သားအစိုးရကို ဖွဲ့စည်းခဲ့ပါတယ်။ သို့သော် လည်း ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ စစ်တပ်က အရေးပါတဲ့ ရာထူးနေရာတွေကို ဆက်ထိန်း ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေးလျှော့ပေါ့မှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ တွေ့ကြုံခဲ့ ပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာပြီး စီးပွားရေးလုပ်ငန်းတွေ ထွန်းကားလာကာ သံရုံးတွေ ထူထောင် လာတာကြောင့် မြန်မာပြည်သူတွေဟာ စစ်အုပ်ချုပ်ရေးကို ပိုပြီး အလိုမရှိတော့ပုံပေါ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) က စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို သောင်ပြိုကမ်းပြို အ နိုင်ရရှိခဲ့ပါတယ်။

ဆယ်စုနှစ်ချီ အာဏာရှင်စနစ်တွေ့ကြုံလာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အမျိုးမျိုးသော တိုင်းရင်းသားတွေ အထူး သဖြင့် လူငယ်တွေဟာ ပိုမို သာယာဝပြောသော အနာဂတ် ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်ရေး မှုန်ဝါးဝါးအ လင်းရောင် မြင်တွေ့လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးသောရွေးကောက်ပွဲကျင်းပပြီး သုံးလအကြာ စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က နောက်ထပ်တစ်ကြိမ် အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မှာ မြန်မာပြည်သူတွေရဲ့အိပ်မက်တွေ ပျက်သုဉ်းသွားခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ မြန်မာပြည်သူတွေက အာဏာသိမ်းမှုကို လက်မခံတော့ပါဘူး။ အာဏာသိမ်းပြီးပြီး ချင်း သန်းနဲ့ချီတဲ့ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြ ပါတယ်။ လအနည်းငယ်ကြာ မြင့်လာချိန်မှာ စစ်တပ်က အင်တာနက်ဖြတ်တောက်ပြီး စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကာ အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အရပ်သား ၃၀၀၀ နီးပါးကို သတ်ဖြတ်ကာ ၁၇၀၀၀ နီးပါးကို ထိန်း သိမ်းခဲ့ပေမယ့် မြန်မာပြည်သူတွေကတော့ အာဏာရှင်ကို ဆက်လက် တွန်းလှန်နေပါတယ်။

အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာဘဲ ဆန္ဒပြသူတွေက ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရတဲ့ NLD အမတ်တွေကို ကိုယ်စားပြုတဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မတီကြောင့် NLD အဖွဲ့ဝင်တွေ၊ အခြားပါတီဝင်တွေ၊ တစ်သီးပုဂ္ဂလတွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဧပြီလမှာ ဖွဲ့စည်းခဲ့ပါ တယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့အတူ NUG က အားလုံးပါဝင်သော အရပ်ဘက် အုပ်ချုပ်မှုကို မြှင့်တင်နေပါတယ်။

ထိုင်းနယ်စပ်အနီး ကရင်တွေနဲ့ မြန်မာနိုင်ငံမြောက်ဖျားက ကချင်တွေလိုမျိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက မြန်မာစစ်တပ်အပေါ် တိုက်ခိုက်မှုစစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။ မေလထဲမှာ NUG ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖွဲ့စည်းကာ မြန်မာလူငယ်တွေရဲ့ အ ထင်ကြီးလောက်ဖွယ်ရာ အာခံမှုကို ပြသခဲ့ပါတယ်။ လွတ်လပ်မှုကို မစွန့်လွှတ်လိုတဲ့ မြန်မာလူငယ်တွေဟာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲတွေနဲ့အတူ လက်လုပ်သေနတ်တွေ အသုံးပြုပြီး စစ်အာဏာရှင်ကို စတင်တိုက်ခိုက်ခဲ့ ပါတယ်။
ဗဟိုကွပ်ကဲမှုဌာနချုပ် သို့မဟုတ် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုမရှိပေမယ့် PDF တွေဟာ ပျောက်ကျားစစ် ဆင်နွှဲရာမှာ ကျွမ်းကျင်လာခဲ့ပြီး ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေလုပ်ဆောင်မှု စတင်ခဲ့ပါတယ်။ ပြည်သူလူ ထုရဲ့ အားပေးထောက်ခံမှု တစ်ခဲနက်ရရှိတာကြောင့် PDF တွေဟာ အင်အားကြီးမားလာသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း သက်ဆိုင်ရာနယ်မြေတွေမှာ ဆက်လက်တိုက်ပွဲဝင်နေပါတယ်။

မြန်မာစစ်တပ်ဟာ သံချပ်ကာယာဉ်၊ အမြောက်နဲ့ လေကြောင်းအင်အားအရ အားသာချက်တွေ ရှိနေဆဲ ဖြစ်ပေမယ့် မြန်မာပြည်သူတွေက စစ်ကောင်စီကို အာဏာအပြည့်အဝ မထိန်းချုပ်နိုင်အောင် တွန်းလှန်နေဆဲဖြစ် သလို အကြမ်းဖျင်းအားဖြင့် လက်ရှိမှာ တိုင်းပြည်ရဲ့ပိုင်နက်နယ်မြေ ထက်ဝက်ကျော်ကို အတိုက်အခံ မဟာမိတ် တွေက ထိန်းချုပ်ထားပါတယ်။

သဘာဝဓာတ်ငွေ့တွေ ရောင်းချပြီး အုပ်ချုပ်မှုကို ထိန်းချုပ်ဖို့ စစ်တပ်က ငွေကြေးအလုံအလောက် ရှာဖွေ နိုင်ပေမယ့် မြန်မာ့ပြည်တွင်းစစ်က မတိုးသာမဆုတ်သာ အခြေအနေတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတကာ အ သိုင်းအဝိုင်းက မြန်မာပြည်သူတွေကို အနည်းငယ်သာ ကူညီခဲ့ပြီး အာဏာရှင်စနစ် အမှောင်မိုက်ဆုံးနေ့ရက်တွေ လို့ ခေါ်ဆိုနိုင်တဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို မြန်မာပြည်သူတွေက ကြုံတွေ့ခဲ့ရပါတယ်။

အနောက်နိုင်ငံတွေ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ပြီး ရှုတ်ချမှုတွေ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံပြီး ရုရှားနိုင်ငံက လက်နက်တွေ ထောက်ပံ့ပါတယ်။ အာဆီယံအဖွဲ့ကပင် ငြိမ်းချမ်းသောဆွေးနွေးမှု ပြုလုပ်ရေး တွန်းအားပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ စစ်ကောင်စီက ပြည်သူတွေအပေါ် ရာဇ ဝတ်မှုတွေ ကျူးလွန်လာတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက NUG ကို အသိအမှတ်ပြုသင့်ပါတယ်။

အလွန်ယုတ်မာသော အာဏာသိမ်းစစ်အစိုးရထံမှ ခိုးယူခံရတဲ့ အနာဂတ်တွေပြန်ရဖို့ မြန်မာပြည်သူတွေ က အသက်စွန့်တိုက်ပွဲဝင်နေပါတယ်။ ယူကရိန်းပြည်သူတွေလိုပဲ မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအ ဝိုင်းရဲ့ ပံ့ပိုးကူညီမှုရရှိဖို့ ထိုက်တန်ပါတယ်။

The Japan Times သတင်းစာပါ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခနှင့် လုံခြုံရေးနှင့် နိုင်ငံတ ကာလေ့လာရေး အင်စတီကျု့မှ အကြီးတန်းပညာရှင် Thitinan Pongsudhirak ရဲ့ World should tip the scales in Myanmar’s civil war ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။