ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

ဂျပန်နိုင်ငံအနောက်ပိုင်း နာရာမြို့မှာ ဒီနေ့မနက်ပိုင်းက မဲဆွယ်စည်းရုံးမှုတစ်ခုအတွင်း မိန့်ခွန်းပြော ကြားနေစဉ် သေနတ်နဲ့ပစ်ခတ်ခံခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်သွားပြီလို့ လစ်ဘရယ် ဒီ မိုကရက်တစ်ပါတီ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ဒီနေ့မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က သေနတ်ပစ်ခတ်သံနှစ်ချက် ကြားလိုက်မိတယ်လို့ အခင်းဖြစ်ရာ နေရာကို ရောက်ရှိနေတဲ့ NHK သတင်းထောက်တစ်ဦးက ပြောပါတယ်။

ရှင်ဇိုအာဘေးကို ဆေးရုံမပို့မီ သေနတ်ပစ်ခတ်ခံရမှုကြောင့် ရှင်ဇိုအာဘေး လဲကျသွားပြီး သွေးထွက်လွန် နေတာကို မြင်တွေ့ခဲ့ရတယ်လို့ NHK သတင်းထောက်တစ်ဦးက ပြောပါတယ်။

ဂျပန်ရဲတပ်ဖွဲ့က လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုနဲ့ နာရာမြို့တော်နေ အသက် ၄၁ နှစ်အရွယ် ယာမာဂါ မီတက်ဆူယာ ဆိုသူကို ဖမ်းဆီးလိုက်ပါတယ်။

ပြစ်မှုကျူးလွန်သူဟာ ကိုယ်ပိုင်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှာ ၂၀၀၅ ခုနှစ်ဝန်းကျင်အထိ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ကာကွယ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံရဲ့ ကာလအကြာရှည်ဆုံး တာ ဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာပြုလုပ်မယ့် အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ လစ်ဘရယ်ဒီမိုကရက် တစ်ပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် ရှင်ဇိုအာဘေးက မဲဆွယ်စည်းရုံးပေးနေချိန်မှာ သေနတ်နဲ့ ပစ် ခတ်ခံခဲ့ရတာပါ။

ကိုးကား – NHK
Ref; Former Japanese PM Abe Shinzo confirmed dead