ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

ဗြိတိန်တော်ဝင်ရေတပ်မှ စစ်ရေယာဉ်တစ်စင်းက အီရန်နိုင်ငံပြင်ပကို မှောင်ခိုထုတ်နေတဲ့ ဒုံးကျည်တွေနဲ့ လက်နက်တွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

HMS Montrose စစ်ရေယာဉ်က အီရန်နိုင်ငံကနေ မော်တော်ဘုတ်တွေနဲ့ လက်နက်တွေ သယ်ဆောင်နေ တာကို တွေ့ရှိခဲ့ပါတယ်။ စစ်ရေယာဉ်က ရဟတ်ယာဉ်တစ်စင်းနဲ့ မော်တော်ဘုတ်တွေကို ခြေရာခံခဲ့ပြီး ကမ်းတက် တပ်ဖွဲ့က ကြားဖြတ်ဟန့်တားကာ လက်နက်တွေကို သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

အီရန်နိုင်ငံကနေ ခေတ်မီလက်နက်တွေ သယ်ဆောင်လာတဲ့ ရေယာဉ်တစ်စင်းကို ဗြိတိန်တော်ဝင်ရေတပ် က စစ်ရေယာဉ်တစ်စင်းက ကြားဖြတ်ဟန့်တားတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နဲ့ ဖေဖော်ဝါရီလ ၂ ရက် နိုင်ငံတကာရေပိုင်နက်အတွင်းမှာ လက်နက်တွေ နှစ်ကြိမ် သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

HMS Montrose စစ်ရေယာဉ်ပေါ်က Wildcat ရဟတ်ယာဉ်က အီရန်ကမ်းရိုးတန်းဘက်ကနေ အရှိန်ပြင်း ပြင်းနဲ့ ရွေ့လျှားနေတဲ့ မော်တော်ဘုတ်တွေကို တွေ့ရှိပြီး ခြေရာခံခဲ့တာဖြစ်ပါတယ်။

ဗြိတိန်တော်ဝင်ကမ်းတက်တပ်ဖွဲ့ဝင်တွေက မော်တော်ဘုတ်တွေပေါ်မှာ ရှာဖွေမှုတွေပြုလုပ်ရာမှာ ခေတ် မီစစ်လက်နက်တွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ စစ်လက်နက်တွေထဲမှာ ဆော်ဒီအာရေးဘီးယားနဲ့ အဘူဒါဘီကို တိုက်ခိုက်ရာမှာ အ သုံးပြုခဲ့တဲ့ အီရန်နိုင်ငံထုတ် ခရုဇ်ဒုံးကျည်တွေနဲ့ ၃၅၈ မြေပြင်-ဝေဟင်ခွင်းဒုံးကျည်တွေလည်း ပါဝင်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ကိုးကား – BBC
Ref; Plymouth warship HMS Montrose seized Iranian missiles