ဧရာဝတီတိုင်းမ်
(တောင်ဒဂုံ)၊ ဖေဖော်ဝါရီလ ၁၃ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၂၂)ရပ် ကွက်(ကွေ့မ)တွင် ယမန်နေ့ ညနေပိုင်းက ရာအိမ်မှူး ဟန်စိုးထွန်းဆိုသူ သေနတ်ဖြင့် ပစ်ခံရမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်နေထိုင်သူများထံမှ သိရှိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်း ၆ နာရီခန့်က နေအိမ်မှ ဈေးကိုလမ်းလျှောက်ထွက်လာစဉ် မြတ်လေး (၈)လမ်းထိပ် အရောက်တွင် သေနတ်နှင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။
“ရပ်ကွက်ထဲ ရာအိမ်မှူးဆိုပြီး လုပ်ချင်တာလုပ်နေတာ။ စစ်တပ်ဒေါက်တိုင်ဖြစ်တဲ့အတွက်ကို ကောင်း ကောင်းမကောင်း ခုလိုပစ်ခံရတာကို ကျေနပ်တယ်။ နေရာတင်ပွဲချင်းပြီးသေတယ်”ဟု အသက် ၂၀ ဝန်းကျင် ရပ်ကွက်နေထိုင်သူ အမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်ခံရသူ ဟန်စိုးထွန်းဆိုသူမှာ ကြံ့ခိုင်ရေးပါတီအမာခံ ရပ်ကျေးအဖွဲ့၀င်ဖြစ်ပြီး လူဦးရေစာရင်း ကောက် ယူရာတွင် ဦးဆောင်ပါ၀င်ခဲ့သူဖြစ်ပြီး ပစ်ခတ်ခံရမှု ကြောင့် ရင်ဘတ်၊ လက်နှင့် ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိ ခဲ့ကြောင်း သိရှိရသည်။
ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ “သေနတ်နဲ့ပစ်ခံရပြီး ဆေးရုံတင်ဖို့လုပ်နေတုန်းမှာပဲ သေဆုံးခဲ့တာပါ”ဟု အတည်ပြုပြောဆိုထားသည်။