ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကညင်ကြိုးကျေးရွာအုပ်စုမှ ပြည်သူ့စစ်သင်တန်းဆင်း ပျူစောထီးခေါင်းဆောင်တစ်ဦးကို ကျောက်တံခါး PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅ နာရီခန့်က အမှတ် (၃၀၇) ခြေမြန်တပ်ရင်းမှ ပြည်သူ့စစ်အခြေခံ စစ်ပညာသင်တန်းဆင်း၊ ပျူစောထီးခေါင်းဆောင် ကျော်ဦးကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကျောက်တံခါး PDF အဖွဲ့ တာ၀န်ရှိသူတစ်ဦးထံက သိရသည်။
“ရွာတာလမ်းမ ပေါ်မှာ ရှင်းလင်းခဲ့တာပါ။ ၃ ချက်ပစ်ခတ်ရှင်းခဲ့တာပါ” ဟု တာ၀န်ရှိသူက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
ပျူစောထီးခေါင်းဆောင် ကျော်ဦးသည် မျက်လုံး၊ နားထင်နှင့် ရင်ဘတ် တို့တွင် ပစ်ခတ်ခံခဲ့ရပြီး အဆိုပါ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ကျောက်တံခါးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင် ပြည်သူ့စစ်သင်တန်းဆင်း၊ ပျူစောထီး ခေါင်းဆောင် ကျော်ဦးသည် အပြစ်မဲ့ပြည်သူဖြစ်ပြီး အကြမ်းဖက်များမှ သတ်ဖြတ်သွား ကြောင်း ရေးသားဖော်ပြထားသည်။
#ကျောက်တံခါး # ပြည်သူ့စစ်သင်တန်းဆင်း #ပျူစောထီးခေါင်းဆောင် #ပစ်သတ်ခံရ #Ayeyarwaddy_Times