ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေမှာ အင်အားပြင်း မြေငလျင်တွေ ဆက်တိုက် လှုပ်ခတ်ပြီးနောက် သေဆုံးသူ ၃၃၀၀၀ ကျော်အထိ ရှိလာပြီလို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ထုတ်ပြန်တဲ့အချက်အ လက်တွေက ဆိုပါတယ်။

မြေငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆုံးရ သေဆုံးသူအရေအတွက်ကို အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့အစောပိုင်းက တူရကီနိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အား ပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ မြေငလျင်ငယ်တွေ လှုပ်ခတ်ခဲ့ပါတယ်။

မြေငလျင်ဘေးသင့်နယ်မြေတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ပေမယ့် အသက် ရှင်သူတွေကို ရှာတွေ့ဖို့ အခွင့်အရေး နည်းပါးသွားပြီလို့ သိရပါတယ်။

ဂျာမနီနဲ့ သြစတြီးယားနိုင်ငံမှ ကယ်ဆယ်ရေးသမားတွေက လုံခြုံရေးပြဿနာတွေကြောင့် တူရကီနိုင်ငံ တောင်ပိုင်း ဟာတေးမြို့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပါတယ်။

စူပါမတ်ကတ်တွေ၊ စတိုင်းဆိုင်တွေ ပျက်စီးသွားတာကြောင့် သောက်ရေနဲ့ အစားအစာတွေ ပြတ်လပ် သွားပြီလို့ ဂျာမနီ အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

မြေငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အဲဒီဒေသမှာ လုံခြုံရေးအခြေအနေ တစ်ဖြည်းဖြည်း ပိုဆိုးလာခဲ့တယ် လို့ သူက ဆိုပါတယ်။

ဘေးအန္တရာယ်ကင်းချိန်တွင် တူရကီအာဏာပိုင်တွေနဲ့ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက် လက်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ဂျာမနီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ကိုးကား – NHK
Ref; Death toll from Turkey-Syria quakes passes 33,000