ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီး ခေါင်းဆောင်နေအိမ်၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းတွင် ဗုံးပေါက်ကွဲ၍လာသည့် စစ်ကောင်စီနှင့်ပျူအဖွဲ့ကို ကာကွယ်ရေးအဖွဲ့က ထပ်မံပြီ မိုင်းဖြစ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
မြိုင်မြို့ အနောက်ဘက်ရှိ ပျူစောထီးခေါင်းဆောင် ထွန်းလင်းအိမ်၌ ဖေဖော်ဝါရီ ၁၂ရက် မနက်ပိုင်းတွင် ဗုံးပေါက်ကွဲသဖြင့် အင်အား ၈ ဦးခန့်ပါသည့် စစ်ကောင်စီတပ်သည် ညနေ ၃ နာရီဝန်းကျင်တွင် လာသည့်အချိန်၌ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင် (ပကဖ) ထံမှသိရသည်။
” အဲ့ပျူစောထီး ခေါင်းဆောင်ထွန်းလင်းအိမ်မှာ မိုင်းထောင်တာ ၂ ရက်ရှိနေပြီ ဒီမနက်မှ ပေါက်ကွဲတာကို သူတို့က ညနေပိုင်းမိုင်းရှင်းဖို့ လာကြတာဗျ၊ အဲ့ဒါကို ထပ်ပြီးထောင်ထားခဲ့တာပါ၊ စစ်ကောင်စီဘက်က နေရာမှာပဲ ၁ယောက်သေတယ်၊ ပျူစောထီးအပါဝင် ၂ ယောက်ဒဏ်ရာ ရသွားတယ်”ဟုမြိုင် (ပကဖ) ခေါင်းဆောင် ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေနဲ့ အနီးနားမှာမနေဘဲ တတ်နိုင်သလောက် ရှောင်နေဖို့ သတိပေးထားပြီး စစ်ကောင်စီတပ်တွေကို တတ်နိုင်သမျှ တော်လှန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်လည်း မြိုင်မြို့နယ်ရှိ တွင်းမနှင့် သရက်ကန်လမ်းတွင် စစ်ကောင်စီတပ်ကို မိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့ကြောင်း မြိုင်(ပကဖ)ထံမှသိရသည်။