ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၂ ရက်
ဧရာဝတီတိုင်းအတွင်း စစ်အာဏာသိမ်းပြီး ၂ နှစ်အကျော်မှာ ဆန်စျေးအဆမတန်မြင့်တက်လာတာသဖြင့် အခြေခံလူတန်းစားအများစုမှာ ဆန်ကွဲဖြင့် ထမင်းစားနေရကြောင်း သိရသည်။
အခြေခံလက်လုပ်လက်စား မိသားစုများမှာ ဆန်အစား ဆန်ကွဲကို ပြောင်းစားနေရသူများရှိလာပြီ ဆန်ကွဲစျေးပါတတ်လာသဖြင့် စားဝတ်နေရေပိုမိုခက်ခဲလာကြောင်းဒေသခံများထံမှ သိရသည်။
” ဆန်စျေးတွေက တိုးနေတယ် နေ့စဥ်ပဲ၊ ကျွန်နော်တို့ဆို ဆန်ကွဲပဲပြောင်းစားနေတာကြာပါပြီ၊ မိသားစုကလည်းများတော့ ဆန်ကြမ်းတောင်မစားနိုင်တော့ဘူး မနောသုခ တစ်အိတ် ကို ၆ သောင်းကျော် လူတစ်ယောက်တစ်နေကုန် အလုပ် လုပ်မှ ၅၀၀၀ ရတယ်၊ တစ်နေကုန်အလုပ်လုပ်မှ ဆန်းတပြည်စာပဲရှိတယ် ပြီတော့အလုပ်တွေကလည်းရှားလာတယ် ။ ဘာလုပ်လုပ်အဆင်မပြေပါဘူးဗျာ “ဟု ကျောင်းကုန်းမြို့နယ်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏အာဏာသိမ်းမှု ကြောင့် မြန်မာကျပ်ငွေစျေးနှုန်းကျဆင်းလာကာ ဆန်စျေးများနေ့စဥ်တိုးလာသဖြင့် ဧရာဝတီတိုင်းရှိ ကျောင်းကုန်း၊ ဝါးခယ်မစသော မြို့နယ်များနှင့် ထန်းတပင်မြို့နယ်များတွင် ဆန်စျေးများ တိုးလာကာ ဇန်နဝါရီလ ၁ လအတွင် ဆန်တစ်အိတ်လျှင် ၁၀၀၀၀ အထိ တိုးလာကာ တစ်ပတ်လျှင် ၄၀၀၀ နှုန်းအထိတိုးနေကြောင်း သိရသည်။
ဆန်စျေးများတတ်လာမှု့မှာ ဒေသအလိုက်တူညီမှုမရှိပဲ ဒေသကိုမူတည်၍ ဆန်စျေးကွာခြားမှုရှိနေကာ ကျားပျံဆန်အသစ် ၇၃၀၀၀ ၊ ပေါ်ဆန်အသစ် ၆၈၀၀၀ ၊ ပေါ်ဆန်အဟောင်း ၇၀၀၀၀၊ ဆင်းသုခအသစ် ၅၈၀၀၀ အထိ ရှိနေပြီ ဆန်ကွဲစျေးမှာ ၃/၄ စကွဲ ၄၁၀၀၀၊ ၁/၂ စကွဲ ၄၂၀၀၀ ၊ ဆန်ထက်ပိုင်းကျိုးဆန်ကွဲမှာ ၄၃၀၀၀ အထိတတ်လာပြီး ဆန်နှင့် ဆန်ကွဲများမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မှ ၁၁ နေအထိ တစ်သောင်းအထိတိုးလာကြောင်း ထန်းတပင်မြို့နယ်ရှိ ဆန်စက်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ဇန်နဝါရီလ တစ်လထဲတွင် နိုင်ငံခြားသို့ ဆန်တန်ချိန် ၂ သိန်းကျော် ပို့ခဲ့ပြီ အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော်အထိ နိုင်ငံခြားဝင်ငွေရရှိခဲ့ကာ ပြည်တွင်မှာတော့ ဆန်နှင့်ဆန်ကွဲများပါ စျေးများတတ်လာကာ နေ့စဥ်တိုးလာသောဆန်စျေးများကြောင့် အခြေခံ မိသားစုများအတွက် အခက်ခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။
#Ayeyarwaddy_Times