ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၂ ရက်

ဧရာဝတီတ်ိုင်းအတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များ Tik Tok ပေါ်မှာ သီချင်းဆိုခြင်း၊ ကခြင်းများ မပြုလုပ်ရန် သံဃမဟာနာယက အဖွဲ့က ညွှန်ကြားလိုက်ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး Tik Tok နှင့် Facebook စသည့် လူမှုကွန်ရက် အင်တာနက်စာမျက်နှာများတွင် ရဟန်း၊ သာမဏေနှင့် သီလရှင်များက ဆိုခြင်း၊ ကခြင်းများ မပြုလုပ်ရန် နိုင်ငံတော်
သံဃနာယကအဖွဲ့က ထုတ်ပြန်ချက်ကို ထပ်ဆင့် ညွှန်ကြားခြင်းဖြစ်ကြောင်း တွေ့ရသည်။

ဒါ့ပြင် မြို့နယ်သံဃနာယကအဖွဲ့များအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကျေး သံဃနာယကအဖွဲ့များထံ ၎င်းညွန်ကြားချက်ကို ဆက်လက်ညွှန်ကြားဖ်ို့ ထုတ်ပြန်ချက်တွင်ပါရှိသည်။