ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဖေဖော်ဝါရီလ ၁၂ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ခမရ-၃၀၄ လက်အောက်ခံတပ်သားလင်းထက်အောင် သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင်
CDF-Kanpetlet ထံ လာရောက်ပူးပေါင်းခဲ့ကြောင်းကို ဒီကနေ့မှာ သတင်ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားလင်းထက်အောင်သည် MA 1- ၁ လက်၊ MAကျည်ဆံ – ၃၃၆ တောင့်၊ နင်းမိုင်း- ၁ လုံး၊ လက်ပစ်မိုင်း- ၁ လုံး၊ အီနာဂါ -၂ လုံး၊ စကားပြောစက် – ၁ လုံး၊ ကျည်ကာအင်္ကျီ – ၁ ထည် တို့နှင့် အတူ
CDF-Kanpetlet ထံ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ဒါ့ပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်းချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မရဲစခန်းမှ ရဲတပ်သားပြည့်ဆန်းနောင် သည် လက်နက်အပြည့်အစုံဖြင့် CDF-Kanpetlet ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း CDF-Kanpetlet တပ်ဖွဲ့ဝင်များထံက သိရှိရသည်။

CDF-Kanpetlet တပ်ဖွဲ့အနေဖြင့် ပြည်သူနှင့် ပူးပေါင်းလိုသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့များကို နွေးထွေးစွာ ဖိတ်ခေါ်လျက်ရှိကြောင်း CDF-Kanpetlet က သတင်းထုတ်ပြန်ထားသည်။