
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်
ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်နဲ့လုပ်ကြံခံရမှုကို ကြားသိရပြီး ၄င်းတို့ စစ်ကောင်စီအနေနဲ့ များစွာအံ့သြတုန်လှုပ်မိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ဇူလိုင် ၈ ရက်မနက်ပိုင်းက ဂျပန်ဝန်ကြီးချုပ်ဟောင်း သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့အပေါ် စစ်ကောင်စီနဲ့နီးစပ်တဲ့မီဒီယာတခု၏ မေးမြန်းမှုကို ဒီကနေ့နေ့လည်ပိုင်းမှာ အခုလိုပြောကြားခဲ့ပြီး အဲ့ဒီလုပ်ရပ်ကိုလည်းရှုတ်ချတယ်လို့ဆိုပါတယ်။
ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ နာရာမြို့မှာ ဒီကနေ့မနက်ပိုင်းက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲဆွယ်စည်းရုံးဟောပြောနေချိန်မှာ သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံခဲ့ရတာပါ။
လက်ရှိမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုဟာဘေးဟာ သေနတ်ထိမှန်ဒဏ်ရာနဲ့ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။