
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် စစ်ကောင်စီက လှည့်ကင်းပတ်ဖို့အတွက် ဒေသခံတွေကို တစ်ဦးလျှင် ၁၅၀၀၀ ပေးပြီး လှည့်ကင်းပတ်ဖို့အတွက် စည်းရုံးခေါ်ယူတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ မြို့တွင်း လှည့်ကင်းပတ်ဖို့အတွက် ကားထဲမှာ သေနတ်ကိုင်လိုက်ရင် တဦးကို ၁၅၀၀၀ ထိပေးမယ်ဆိုပြီး စစ်ကောင်စီထောက်ခံသူတွေနဲ့ သတင်းပေးတွေက ပြောဆိုစည်းရုံးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ကားပေါ်ထိုင်လိုက်ပေးရင်ရပြီး တနေ့ ၁၅၀၀၀ ပေးမယ်ပြောတယ် သေနတ်တော့ပေးတယ် ကားပေါ်မှာ ထိုင်နေရတာ ကျည်တော့ပေးမထားဘူး တပ်ထောက်ခံတဲ့ အသိုင်းဝိုင်းက လိုက်တဲ့သူတွေရှိတယ်”လို့ စစ်ကောင်စီအသိုင်းဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မိုးလေဝသ အဝိုင်းပတ်နဲ့ မြို့အဝင်ကိုးဆူစစ်ဆေးရေးဂိတ်တွေမှာလည်း လုံခြုံရေးစောင့်ပေးဖို့အတွက် ညနေ ၆ နာရီကနေ ည ၈ နာရီအထိကို ၈၀၀၀ ပေးကာ ငှားရမ်းတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လုံခြုံရေးလှည့်ဖို့အတွက် ခုလိုမျိုး ပိုက်ဆံပေးကာ နေ့စားသဘောမျိုးခေါ်ယူလာတာဟာ နယ်မြေခံတပ်ရင်းတွေ အင်အားနည်းလာတာနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၄၀၀ ကျော်ကို ရခိုင်ကို ရွှေ့ပြောင်းလိုက် တာနဲ့ သက်ဆိုင်လေ့မယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။