ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ ဖေဖော်ဝါရီလ ၁၁ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သပြေကြီးစုရွာ အုပ်ချုပ်ရေးမှူးမော်ကြီးအား ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ (နွေဦးအဖွဲ့)က နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးမော်ကြီး(ခ)မော်ဝင်းသည် ယခင်က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်ရှင်းလင်းခဲ့သည့် သပြေကြီးစုရွာအုပ်ချုပ်ရေးမှူးမြဟန်၏နေရာတွင် အစားထိုးခန့်အပ်ထားသူတစ်ဦးဖြစ်ပြီး ၎င်းအား သပြေကြီးစုရွာနှင့် ဇီးပင်ကုန်းကျေးရွာကြား လှည်းလမ်းမတစ်နေရာတွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်း PDF ထံမှ သိရသည်။

” သူ့ကိုရှင်းလင်းခဲ့တာကတော့ သူကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်တယ်၊ အရင်ရှင်းလင်းခံရတဲ့ အုပ်ကြီးနေရာမှာအစားထိုးဝင်လာတာ၊ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တယ်၊ အရင်ကဇီးကုန်းက‌လေး ရွာက။ သေနတ်နဲ့ ၄ ချက်ပစ်ပြီးရှင်းလင်းခဲ့တယ်လို့ မြေပြင်အဖွဲ့တွေထံကသိရတယ်” ဟု ပဲခူးတိုင်း PDF သတင်းပြန်ကြားရေး တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အဆိုပါအုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများကောက်ယူပေးခြင်း၊ လောင်းကစားဝိုင်းများအားဖွင့်ခွင့်ပေး၍ စစ်ကောင်စီအတွက် လိုင်းကြေးကောက်ပေးခြင်း၊ ပြည်သူများအား ခြိမ်းခြောက်ဒုက္ခပေးခြင်းများလည်း ရှိသည်ဟု သိရသည်။

‌ပေါင်းတည်မြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း သိမ်ကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင်ဖြစ်သူ အောင်ဖာ(ခ)မင်းနိုင်ဦးအား တော်လှန်ရေးအင်အားစုများမှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းလည်း Bago Region PDF ထံမှ သိရသည်။