ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်
သရက်မြို့ ကပစ စခန်းနှင့် မင်းတုန်းမြို့ အလယ်ချောင်းစခန်းကို သရက်ခရိုင် PDF တပ်ရင်း၄( Eagle Force)က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်၃နာရီဝန်းကျင်တွင် သရက်မြို့တွင် စစ်ကောင်စီအင်အား ၁၀၀ ခန့်ရှိသည့် ကပစ ၁၂ စခန်းနှင့် မင်းတုန်းမြို့ အလယ်ချောင်းရွာရှိ အင်အား၂၀ ဝန်းကျင်ရှိ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDF တပ်ရင်း ၄ (Eagle Force) အဖွဲ့ထံမှသိရသည်။
” ကျွန်တော်တို့က ကပစ စခန်းကို ရှော့တိုက်ဒုန်းနဲ့တိုက်တာ သူတို့ဘက်က ၄ဦးသေတယ်ဗျ၊ အလယ်ချောင်းရဲစခန်းကိုတော့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ စစ်ကောင်စီဘက်က၂ ဦးသေတယ်လို့သိရတယ်၊ အပြန်အလှန် ပစ်ခတ်မှုတွေရှိပေမယ့် ကျွန်တော်တို့ဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်”ဟု သရက်ခရိုင် PDF တပ်ရင်း ၄ (Eagle Force) အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုမြတ် ကဧရာဝတီတိုင်းမ်သို့ ပြောသည်။
မစ်ရှင်တွေလုပ်ဆောင်နိုင်ခဲ့သော်လည်း စိတ်တိုင်းကျ မလုပ်ဆောင်နိုင်သေးသဖြင့် နောက်မစ်ရှစ်များတွင် ပိုကောင်းပြီး ပိုထိရောက်အောင် လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
သရက်မြို့၊ ရေမျက်ကျေးရွာရှိ စစ်ကောင်စီစခန်းအား ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း သရက်ခရိုင် PDF တပ်ရင်း ၄ ထံမှ သိရသည်။
#သရက် #ကပစ #မင်းတုန်း #အလယ်ချောင်း #စခန်း #PDF #တိုက်ခိုက် #စစ်ကောင်စီ
#Ayeyarwaddy_Times