ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်

သမ္မတ ဂျိုးဘိုင်ဒင်ရဲ့အမိန့်နဲ့ အမေရိကန် ဂျက်တိုက်လေယာဉ်တစ်စင်းဟာ အရပ်ဘက်လေယာဉ်တွေ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အလက်စကားပြည်နယ်ပေါ် မှာ ပျံသန်းနေတဲ့ အရာဝတ္ထုတစ်ခုကို ပစ်ချခဲ့တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတစ်ဉီးက ပြောကြားလိုက်ပါတယ်။

အဆိုပါအရာဝတ္ထုဟာ ကနေဒါနယ်စပ်အနီး အလက်စကားပြည်နယ် အရှေ့မြောက်ပိုင်းမှာ ပစ်ကျသွားခဲ့ တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။

အဆိုပါ အရာဝတ္ထုဟာ ကားငယ်အရွယ်အစားရှိပြီး အမြင့်ပေ ၄၀၀၀၀ သို့မဟုတ် မီတာ ၁၂၀၀၀ မှာ ပျံ သန်းနေတာလို့ သူက ဆိုပါတယ်။

အဆိုပါအရာဝတ္ထုက ထိန်းရန်လွယ်ကူပုံမပေါ်တာကြောင့် အမေရိကန်ဂျက်တိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့တာလို့ သူက ပြောပါတယ်။

အဲဒီအရာဝတ္ထုဟာ အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့အပတ်အတွင်း ပစ်ချခဲ့တဲ့ တရုတ် သူလျှိုမိုးပျံပူဖောင်းရဲ့ အရွယ်အစား၊ အမြင့်ပျံသန်းမှု မတူညီဘူးလို့ ဂျွန်ကာဘီက ဆက်ပြောပါတယ်။

အမျိုးအမည်မဖော်ထုတ်နိုင်တဲ့ အဆိုပါအရာဝတ္ထုရဲ့ မူလဇာတိနဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မ သိရသေးဘဲ အပျက်အစီးတွေကို ပြန်ရယူဖို့ အမေရိကန်စစ်တပ်က စီစဉ်နေတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; US shoots down unidentified ‘object’ flying over Alaska