ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ စစ်ကောင်စီဂိတ်ကို ယမန်နေ့ ဖေဖော်ဝါရီ၁၀ရက် နေ့လယ် ၁နာရီ ဝန်းကျင်က “အောင်စည်တော် စစ်ဆင်ရေး” အဖြစ် အောင်စည်တောိစစ်ဆင်ရေးရဲဘော်များမှ လက်လုပ်မိုင်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိ တစ်ဦးအပါဝင် ၄ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
အဆိုပါဂိတ်တွင် စစ်ကောင်စီအင်အား ၇ ဦးခန့်ရှိပြီး ချမ်းမြသာစည်မြို့နယ်၊ ၆၈လမ်း မန္တလာသီရိအားကစားကွင်း အရှေ့ဘက်တွင်ရှိသည့် စစ်ကောင်စီဂိတ်တစ်ခုဖြစ်ကြောင်း အောင်စည်တော် စစ်ဆင်ရေးအဖွဲ့ထံက သိရသည်။
“ကျွန်တော်တို့က လက်လုပ်မိုင်းနဲ့ပစ်တာ သူတို့ထိုင်နေတဲ့ကြားထဲကို ကျတယ်ဗျ။ အရာရှိအပါဝင် လေးဦးဒဏ်ရာ ရတယ်လို့သိရတယ်။ အရေးပေါ်ကားတွေနဲ့ လာခေါ်သွား ကြတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ စစ်ဆင်ရေးကို အရှိန်ဟုန်နဲ့ ဆက်လက် လုပ်ဆောင်မှာမို့ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြပါ” ဟု အောင်စည်တော် စစ်ဆင်ရေးအဖွဲ့၏ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီ ၆ရက်နေ့ကလည်း အောင်စည်တော်စစ်ဆင်ရေးအဖြစ် မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးရှေ့ ရဲကင်းကို လက်လုပ်မိုင်းဖြစ် တိုက်ခိုက်ခဲ့သည်။