ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၁ ရက်

မြန်မာ့အရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းပြီး တာရှည်ခံသော အဖြေတစ်ခုရရှိဖို့ မလေးရှားနိုင်ငံက အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အနီးကပ် အပြုသဘောဆောင်စွာ ဆက်လက်ဆောင်ရွက်မယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် အပြည့် အဝ ထိရောက်စွာ ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဇမ်ဘာရီကာဒါက ပြောပါတယ်။

မကြာသေးမီက ဂျကာတာမြို့တော်မှာကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အာဆီယံအ ဖွဲ့က သဘောတူခဲ့တဲ့အတိုင်း ဥက္ကဌ အင်ဒိုနီးရှားနဲ့ အထူးကိုယ်စားလှယ်လက်ထက် အာဆီယံအဖွဲ့က လုပ်ဆောင် နိုင်တဲ့ ကြိုးပမ်းမှုတွေကို မလေးရှားနိုင်ငံက ထောက်ခံတယ်လို့ သူက ဆိုပါတယ်။

“မလေးရှားနိုင်ငံရဲ့ ရပ်တည်ချက်နဲ့အညီ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဆက်လက် လုပ်ဆောင်မှာဖြစ်ပါတယ်” လို့ သူက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေ အနေ ဖြစ်လာခဲ့တာ နှစ်နှစ်ရှိလာခဲ့ပြီဖြစ်သလို စစ်တပ်ရဲ့ ဒီမိုကရေစီအင်အားစုတွေအပေါ် အကြမ်းဖက်နှိမ်နင်း မှုကြောင့် တိုင်းပြည်တစ်ဝန်း တိုက်ပွဲတွေဖြစ်လာခဲ့ကာ တိုင်းပြည်ရဲ့စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါ တယ်။

မြန်မာနိုင်ငံတစ်ဝန်း အာဏာသိမ်းမှုဆန့်ကျင်ရေးတပ်ဖွဲ့တွေကို တိုက်ပွဲဝင်ဖို့ ရုန်းကန်နေရတဲ့ စစ်ကောင် စီက အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးကာ ဒီနှစ်အတွင်း ပြုလုပ်ဖို့ကတိပေးထားတဲ့ ရွေးကောက်ပွဲ ကို ရွှေ့ဆိုင်းဖွယ်ရှိနေပါတယ်။