ဖေဖော်ဝါရီလ ၁၀ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်လာပြီးနောက်ပိုင်းမှာ ခိုးမှုတွေပိုမိုဖြစ်ပွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပုသိမ်မြို့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ရောက်ရှိလာပြီးနောက်ပိုင်း ပုသိမ်မြို့မှာ ခိုးမှုနဲ့ လုယက်မှုတွေ ပိုမို များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” အဲ့ကောင်ပြန်သွားပြီးနောက်ပိုင်း များလာတာ ခိုးမှုတွေရော လုယက်မှုတွေရော၊ နောက်ဆုံး ခိုးစရာမရှိရင် မြောင်းအဖုံးပါ ခိုးသွားတာ။ မီးပျက်တော့ ဖြစ်ချင်တိုင် ဖြစ်နေတာ”လို့ အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပုသိမ်မြို့ကို ရောက်ရှိလာပြီး မပြန်ခင်အထိ မြို့ပေါ်ရပ်ကွက်တွေကို လုံခြုံရေးတိုးမြှင့်ကာ မီးအချိန်ပြည့် နေ့ရော ညပါ ပေးခဲ့တာကြောင့် ခိုးမှုနည်းသွားပေမယ့် ပြန်သွားတဲ့နောက်ပိုင်းမှာ ပိုများလာတာလို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြန်သွားပြီး နောက်ပိုင်းမှာ မီးအလှည့်ကျစနစ်နဲ့ ပေးတာကြောင့် ညပိုင်း မီးမရတာများပြီး ခိုးမှုတွေပိုမိုဖြစ်ပွားလာသလို နောက်ဆုံး ခွေးပါ အခိုးခံရတဲ့အထိမျးပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ပုသိမ်မြို့ #ခိုးမှု #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ဧရာဝတီတိုင်းမ် #Ayeyarwaddy_Times