ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်
ဒီအပတ်အစောပိုင်းက တူရကီနဲ့ဆီးရီးယားမှာ မြေငလျင်တွေ လှုပ်ခတ်ပြီးနောက် သေဆုံးသူဉီးရေဟာ ဖေဖော်ဝါရီလ ၉ ရက်မှာ ၂၀၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး ဆိုးရွားသော ဆောင်းရာသီမှာ အပျက်အစီးတွေ အောက် ပိတ်မိနေတဲ့ အသက်ရှင်သူတွေကို ကယ်တင်ဖို့ ကယ်ဆယ်ရေးသမားတွေက ကြိုးပမ်းနေပါတယ်။
ဒီငလျင်ဟာ ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ငလျင်တစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ တူရကီနိုင်ငံမှာ ၁၇၁၃၄ ဉီးနဲ့ ဆီးရီးယားနိုင်ငံမှာ ၃၁၆၂ ဉီး သေဆုံးခဲ့ပါတယ်။
တူရကီသမ္မတ ရီစက်တေယက်အာဒိုဂန်က အဆောက်အအုံ ၆၄၀၀ အနက် ၉၄၄ ခု ပျက်စီးခဲ့ရာ ဂါဇီယန် တက်မြို့တော်သို့ သွားရောက်ခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ဘေးအန္တရာယ်တုံ့ပြန်မှုက ပိုမိုကောင်းမွန်ခဲ့သင့်တယ်လို့ တူ ရကီအစိုးရက ဝန်ခံခဲ့ပါတယ်။
ဆီးရီးယားပြည်သူတွေအတွက် အကူအညီတွေသယ်ဆောင်လာတဲ့ ပထမဆုံးသော ကုလသမဂ္ဂ ယာဉ် တန်းဟာ တူရကီနိုင်ငံမှ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။
တူရကီနဲ့ဆီးရီးယားရှိ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ကနဉီး အရေးပေါ်အကူအညီ ဒေါ်လာ ၈၅ သန်း ပံ့ပိုးကူညီမယ်လို့ အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ပြောပါတယ်။
ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် တူရကီနိုင်ငံသို့ ဒေါ်လာ ၁ ဒသမ ၇၈ ဘီလီယံ ထောက် ပံ့မယ်လို့ ဝါရှင်တန်မြို့တော်အခြေစိုက် ကမ္ဘာ့ဘဏ်ဥက္ကဌ ဒေးဗစ်မာပတ်စ်က ပြောပါတယ်။
ရွက်ဖျင်တဲအိမ်တွေဦ အိပ်ယာတွေ၊ စောင်တွေ အပါအဝင် တူရကီနိုင်ငံသို့ တန်ချိန် ၈၀ ရှိ အကူအညီပေး ပို့ဖို့ စီစဉ်နေတယ်လို့ ဂရိ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တူရကီနိုင်ငံမှ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းသို့ အကူအညီပေးပို့ခွင့်ရရှိဖို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုခဲ့ပါတယ်။
ဗြိတိန်က တူရကီနဲ့ဆီးရီးယားကို ဆက်လက်ပံ့ပိုးမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလီဗာဠိက ကတိ ပြုခဲ့သလို ပြင်သစ်နိုင်ငံကလည်း ဆီးရီးယားပြည်သူတွေအတွက် အရေးပေါ်အကူအညီ ယူရို ၁၂ သန်း ကူညီဖို့ က တိပြုခဲ့ပါတယ်။
အီးယူခေါင်းဆောင်တွေနဲ့ ဂျာမနီနိုင်ငံကလည်း တူရကီနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ပေးပို့ဖို့ စီ စဉ်နေသလို အကူအညီပေးရေးယာဉ်တန်းအချို့လည်း ဆီးရီးယားနိုင်ငံသို့ ရောက်ရှိပြီလို့ သိရပါတယ်။
ကိုးကား – Telegraph India
Ref; Turkey-Syria earthquake: Total death toll passes 20,000