ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ဦးဆောင်မီးရှို့ခဲ့ကြသူများမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး စောရဲမှူးအောင်နှင့် ဗိုလ်ကြီး ဟိန်းမြတ်စိုးတို့ဖြစ်ကြောင်း ထန်တလန်မြို့မှ CB ဘဏ်အဆောက်အဦတွင် လက်ရ ဖမ်းဆီးမိခဲ့သည့် စစ်သုံ့ပန်းများ၏ ဝန်ခံ ထွက်ဆိုချက်များအရ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က ထန်တလန်မြို့ရှိ CB ဘဏ်အဆောက်အဦတွင် စစ်ကောင်စီတပ်မှ စစ်ဗိုလ်အဆင့်ရှိသူအပါအ၀င် တပ်သား ၂ ဦး၊ ရဲ ၄ ဦးတို့ကို လက်နက်များနှင့်အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CNF နှင့် CNA တပ်ဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထန်တလန်မြို့ကို မီးတင်ရှို့ရာတွင် ဗိုလ်ကြီး ဟိန်းမြတ်စိုးနှင့် ဗိုလ်ကြီးစောရဲမှူးအောင် တို့က ဦးဆောင်ခဲ့ကြပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ၎င်းတို့ကိုယ်တိုင် လုယက်ခိုးယူ ခဲ့ကြောင်း စစ်ဆေးမေးမြန်းရာတွင် ဖြေကြားခဲ့သည်။
ထိုသို့ လုယက်ခိုးယူရာတွင် ခိုးယူပစ္စည်းများကို မနိုင်သောကြောင့် ရဲတပ်ဖွဲ့၀င်များကိုပါ သယ်ဆောင်ခိုင်းစေခဲ့ကြောင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများက ဖြေကြားသည်။
ချင်းလက်နက်ကိုင်အဖွဲ့ CDF နှင့် CNA ပူးပေါင်းတပ် ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့ ညပိုင်းက ထန်တလန် မြို့မရဲစခန်းကို စီးနင်းသိမ်းပိုက်ခဲ့သည်။ ထို့သို့ သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၄ဦးသေဆုံး၍ လက်နက်မျိုး စုံ ၄၂ လက် သိမ်းဆည်းနိုင်ခဲ့သည်။
#ချင်းပြည်နယ် #ထန်တလန်မြို့ #မီးတင်ရှို့ #စစ်ကောင်စီတပ်ဗိုလ် #၂ဦး #Ayeyarwaddy_Times