ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်

မကွေးတိုင်း၊ ချောက်မြို့ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား ဖေဖော်ဝါရီလ ၈ ရက်နေ့ညက ကာကွယ်ရေးအဖွဲ့များက မိုင်းဖြစ်သွားရောက် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသတင်းရရှိသည်။

ချောက်မြို့ အမှတ် ၃ ရပ်ကွက်ရှိ စစ်ကောင်စီအဖွဲ့၏ ကော်မရှင်ရုံးကို ည ၉ နာရီကျော် တွင်ကာကွယ်ရေးအဖွဲ့များက သွားရောက်ဖောက်ခွဲခဲ့ကြောင်း Chauk Guerrilla Force C. G .F အဖွဲ့ထံမှ သိရသည်။

“အာဏာလု စစ်ကောင်စီရဲ့ ပြန်လုပ်ဖို့မလိုတဲ့ ပြည်သူတွေက ဆန့်ကျင်နေတဲ့ ရွေးကောက်ပွဲကို ဇွတ်အတင်းလုပ်နေလို့ ဖောက်ခွဲဖျက်ဆီးလိုက်တာပါ၊ သူတို့ရဲ့ မတရားရွေးကောက်ပွဲကို ကူညီပေးနေတဲ့ဘယ်သူမဆို ဘယ်အရာမဆို ကျွန်တော်တို့ကသုတ်သင် ရှင်းလင်းသွားမှာပါ”ဟု Chauk Guerrilla Force C.G.F အဖွဲ့တာဝန်ခံ ကိုဘကွန်း ကဧရာဝတီတိုင်းမ်သို့ပြောသည်။

နောက်ထပ်မစ်ရှင်တွေအတွက် လုံခြုံရေးအရ ပြည်သူတွေကို သတိပေးတော့မှာမဟုတ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ နီးစပ်ရာနေရာတွေကို ရှောင်ရှားနေထိုင်ကြပါဟု ၎င်းမှဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် Chauk Guerrilla Force အဖွဲ့နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သော Hanter Dragon Group (တပ်ခွဲ၂)၊ Nway Ok FM Online ထောက်ပို့အဖွဲ့နှင့် ချောက်မြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force အဖွဲ့ထံမှသိရသည်။