ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်
ပဲခူးမြို့နယ်အတွင်းရှိ တပ်မ ၇၇ အနီးအပါအ၀င် ရပ်ကွက်အချို့တွင် လက်လုပ်ဗုံးများ ၅ ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြုလုပ်ခဲ့သည့် တရားခံများကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီမှ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန် ကြေညာထားသည်။
ဖေဖော်ဝါရီ ၇ ရက်နေ့က ပဲခူးမြို့ပေါ်ရှိ မဇင်းရပ် ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ ရှင်စောပုရပ်ကွက်တို့၌ လက်လုပ်မိုင်းများပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်းအချိန်တွင် သတင်းအရဟုဆိုကာ ကလိကျေးရွာအနီးရှိ ဉာဏ်မင်းမောင်မောင်၊ မောင်သက်နှင့် ဇနီးဖြစ်သူ မထားထား၀င်းတို့ကို PDF ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
၎င်းတို့ကိုဖမ်းဆီးစစ်ဆေးမေးမြန်းချက်အရ လက် နက်များထားရှိရာနေရာနှင့် လက်နက်များကိုသိမ်း ဆည်းရမိခဲ့ကြောင်းနှင့် ဆက်လက်စစ်ဆေးချက်အရ ကျား ၅ ဦး၊ မ ၂ ဦး စုစုပေါင်း ၇ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီမှ လျှို့ဝှက်စွာ သတင်းပေးသူများ၊ ဖမ်း ဆီးပေးသူများကို ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသော်လည်း အမှန်တကယ်ပေးအပ်ခြင်းမရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။
လက်နက်များနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ၎င်းတို့မှာ PDF အဖွဲ့၀င်များ ဟုတ်မဟုတ်ကိုမူ ဒေသတော်လှန် ရေးတပ်ဖွဲ့၀င်များကို ဆက်သွယ်မေးမြန်းထားသော် လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ PDF ဟုဆိုကာ စွပ်စွဲဖမ်းဆီးပြီး သတင်းထုတ်ပြန်ခြင်းခံရသူများမှာ PDF ဝင် ဟုတ် မဟုတ်အား ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။