ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့တွင် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို မြို့ပေါ် UG ပြောက်ကျားအဖွဲ့က ဖေဖော်ဝါရီလ ၈ ရက်နေ့ ညေန ၄ နာရီခန့်တွင် မိုင်းဖြစ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
ကံသစ်နှင့် ခင်ဦးတွင်ကြားတွင် ကာကွယ်ရေးအဖွဲ့များ၏ဆိုင်ကယ်နှင့် မိုင်း ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကို လာကြိုသော အင်အား (၃၀) ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူးပေါင်းအဖွဲ့ကို မြို့ပေါ် UG ပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း Royal Tiger Guerrilla Force အဖွဲ့ထံမှသိရသည်။
” သူတို့လာမယ့် လမ်းကြောင်းကို ကျွန်တော်တို့က မိုင်းသွားထောင်တာ၊ သူတို့ပတ်ကင်းနဲ့ထိပ်တိုက်တွေ့တော့ လွတ်အောင် ထွက်ပြေးရချိန် ကျတော်တို့ ကျန်ခဲ့တဲ့ ဆိုင်ကယ်တစ်စီးနဲ့ မိုင်း ၁၀ လုံးကို မီးရှို့လိုက်ကြတယ်၊ ကျွန်တော်တို့အဖွဲ့က ထပ်စောင့်ပြီး ဒရုန်းနဲ့ထပ်တိုက်ခဲ့သေးတယ်”ဟု Royal Tiger Guerrilla Force အဖွဲ့၏ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ကို လာကြိုသည့် မြို့ပေါ်က စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့အား မြို့ပေါ် UG ပြောက်ကျားအဖွဲ့က မိုင်း၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ နေရာမှာတင် ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။