ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဖေဖော်ဝါရီလ ၁၀ ရက်
ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ထိန်တပင်ကျေးရွာနှင့် ထော်နွတ်ရွာကြားရှိ စစ်ကောင်စီတပ်အဓိကအသုံးပြုနေသည့် ထောက်ပို့လမ်းကြောင်းပေါ်ရှိတံတားအား ညောင်လေးပင်မြို့နယ်(ပကဖ)နှင့် ကျောက်တံခါးမြို့နယ်(ပကဖ)တို့ ပူးပေါင်း၍ မိုင်းခွဲခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်ရှိ စစ်ကောင်စီတပ်မှ အဓိကထားအသုံးပြုနေသည့် ထောက်ပို့ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ပေ(၆၀)အရှည်ရှိသည့် တံတားအား ပြည်သူ့ကာကွယ်ရေးတပ်များမှ မိုင်းခွဲဖြတ်ဝောာက်ခဲ့ခြင်းဖြစ်သည်။
“အဓိကက ဒီလမ်းက စစ်ကောင်စီကထောက်ပို့အတွက် အသုံးပြုနေတဲ့လမ်းကြောင်းဖြစ်တယ်၊ အဲ့ဒီလမ်းကနေ ပဲခူးရိုးမကိုစစ်အင်အားဖြည့်တင်းနေတယ်၊ စစ်ကောင်စီက ပဲခူးရိုးမကို အင်အားအများအပြားနဲ့ထိုးစစ်ဆင်ဖို့ကြိုးစားနေတာ။ စစ်ရေးလှုပ်ရှားမှုတွေလဲတွေ့လာရတယ်။ အဲ့တာကြောင့်ကျွန်ဝောာ်တို့က လက်ဦးမှုရယူပြီး လမ်းကြောင်းဖြတ်တောက်ခဲ့တာပါ” ဟု ပဲခူးတိုင်း PDF သတင်းပြန်ကြာရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပဲခူးရိုးမအတွင်းသို့ စစ်အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်များ အသုံးပြုရာလမ်းပိုင်းပေါ်ရှိ တံတားအား မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတားတစ်ခြမ်း ပြိုကျပျက်စီးခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ညောင်လေးပင်(ပကဖ)မှ တော်ဝိရွာဘူတာရုံ စစ်ကောင်စီကင်းစခန်းအား M-79 ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရသည်။