ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၀ ရက်
ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီးရှိ စစ်ကောင်စီဂိတ်အား ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြစ်သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ ဦး အပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွင် အင်းအား၂၀ ကျော်ရှိကာ မနက် ၁၁ နာရီခန့်တွင် သွားရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြိုင် (ပကဖ) အဖွဲ့ထံမှ သိရသည်။
“အဲ့ဂိတ်က ပြည်သူတွေရဲ့ ကားတွေကို မတရား ငွေညစ်တောင်းနေကြတယ်၊ အဲ့တာကြောင့် သွားရောက်တိုက်ခိုက်တာပါ၊ သူတို့ဘက်က ၃ အပြင်းအထန်ရပြီး ဆေးရုံတင်လိုက်ရတယ်လို့ ကြားတယ်” “ဟု မြိုင်(ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုများ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်(ပကဖ)အဖွဲ့နှင့်အတူ YSO Urban Underground Revolution Force ၊ 27 Revolution Force ၊ Black Cobra ၊ Black Cheetah အဖွဲ့တို့ပူးပေါင်း၍လုပ်ဆောင်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ထံမှ သိရသည်။