ဧရာဝတီတိုင်းမ်
(ရေး)၊ ဖေဖော်ဝါရီလ ၁၀ ရက်

‌မွန်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသည့်ရေးမြို့နယ်၌ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍ ည ၆ နာရီမှ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်အပါအဝင် ဒေသန္တရအုပ်ချုပ်ရေးအမိန့်များ ထပ်မံထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့နယ်အတွင်း မည်သူမဆို မနက် ၆ နာရီမှ ည ၆ နာရီအတွင်း အပြင်ထွက်ခြင်းမပြုရ၊ လူ ၅ ထက်ပိုစုဝေးခြင်းမပြုရ၊ တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်ခြင်းမပြုရ စသည့်ကြေညာချက်များအား ကားဖြင့်လှည့်လည် ကြေညာခဲ့ကြောင်း သိရသည်။

” ဒေသခံတွေက ဒုက္ခရောက်ကြရတယ် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအကုန်။ ဘယ်သူမှလဲမပြောရဲဘူး။ မနက်ကဈေးသွားတာလဲ ဈေးမှာ ငိုနေကြတာတွေ့တယ်။ ဒီအမိန့်တွေနဲ့ပတ်သက်ပြီး အဆင်မပြေလို့။ တစ်ချို့တွေက မာရှယ်လောအမိန့် ဆိုတာကိုနားမလည်ဘူး၊ နားမလည်တော့ မနက် ၅ နာရီ‌ဈေးထသွားတာ၊ ၂ယောက်ဖမ်းခံရသေးတယ်။” ဟု အသက် ၃၀ ဝန်းကျင်ရေးဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အဆိုပါ အမိန့်ကြောင့် လက်လုပ်လက်စားနေ့စားပြည်သူ အများစုဒုက္ခရောက်ကြပြီး ခြံအလုပ်သမားများအများစုမှာလည်း ခြံထဲ‌တွင်မနေရဲကြဝော့ာပဲ ဉယျာဉ်ခြံများတွင်လည်း ညအိပ်စောင့်မည့်သူများမရှိသည့်အတွက် သူခိုးခိုးခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။

“မာရှယ်လောမထုတ်ခင်က ၇ နာရီ‌လောက်ဆို အိမ်အရောက်အပြေးပြန် နေကြတဲ့သူတွေအများကြီး အခု ၆ နာရီဆိုတော့ ပိုဆိုးတယ်၊ ဆွမ်းလောင်းရုံတွေလည်း ပိတ်သိမ်းတော့မယ်ကြားတယ်၊ မနက်အစောပိုင်းဆိုတော့ဘယ်လိုမှ အဆင်မပြေဝော့ာဘူးလေ။ ဘုန်းကြီးတွေ ဆွမ်းခံကြွရအဆင်မ‌ပြေတော့ဘူး။” ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ကြောင့် ကျောင်းတက်နေကြသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ကျောင်းသားအများစုမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ရေးတွင် စစ်အုပ်ချုပ်ရေးမကြေညာခင်ကတည်းက ‌ည ၈ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ ဒေသန္တရစစ်အုပ်ချုပ်‌ရေး အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီမှ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်ပြီး မြို့နယ်ပေါင်း ၃၇ မြို့နယ်တွင် စစ်အုပ်ချုပ်ရေးစနစ်ကြေညာခဲ့ပြီးနောက် သက်ဆိုင်ရာစစ်တိုင်းအုပ်ချုပ်ရာနယ်မြေရှိ မြို့တစ်ချို့တွင် ည ၆ နာရီမှ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။