
ဓာတ်ပုံ - Cobra Column
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေ့ကေ့ကော်မြို့သစ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အသင့်စောင့်နေတဲ့ ကော်ဘရာစစ်ကြောင်းရဲ့ အာပီဂျီနဲ့အထုခံရလို့ အကျဆုံးအများအပြားနဲ့ ထွက်ပြေးသွားရတယ်လို့ သိရပါတယ်။
ကရင့်အမျိုးသားအစည်းရုံးထိန်းချုပ်နယ်မြေ တပ်မဟာ ၆ ထဲက လေ့ကေ့ကော်တောင်ကုန်းတစ်ခုပေါက်ကို စစ်ကောင်စီတပ်သားတွေ ဇူလိုင်လ ၂ ရက်နေ့ မနက် ၂ နာရီလောက်မှာ ကျူးကျော်ဝင်ရောက်လာလို့ အသင့် ရှိနေတဲ့ ကော်ဘာရာစစ်သည်တော်တွေက အာပီဂျီနဲ့ ပစ်ခတ်ခဲ့ရတယ်လို့ ကော်ဘရာ စစ်ကြောင်းက သတင်း ထုတ်ပြန်ထားပါတယ်။
မနက် ၃ နာရီခွဲလောက်မှာ ကျူးကျော်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ အသင့်စောင့်နေတဲ့ ကော်ဘရာ စစ်ကြောင်းတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကော်ဘရာစစ်သည်တော်တွေက အာပီဂျီ ၄၀ မမနဲ့ ပစ်ခတ်ချိန်မှာ တိုက်ရိုက်ထိမှန်ခဲ့လို့ အကျဆုံးများပြီး မနက် ၄ နာရီ ၂၀ လောက်မှာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းဆုတ်ခွာသွားပြီးနောက်ပိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ တွေပြုလုပ်ခဲ့ပေမယ့် ပြည်သူတွေရဲ့ မေတ္တာပို့မှုကြောင့် ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိခဲ့ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။