ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

ဇွန်လ ၃၀ ရက် မြန်မာစစ်လေယာဉ်တစ်စင်း ကျူးကျော်ဝင်ရောက်မှု ဖြစ်စေခဲ့တာမှာ ထိုင်း တာဝန်ရှိသူ တွေက မြန်မာစစ်တပ်နဲ့ လျို့ဝှက်ပူးပေါင်း ကြံစည်ခဲ့ခြင်း ရှိ မရှိ တက်ကြွလှုပ်ရှားသူတွေက လွှတ်တော်ကို စုံစမ်း စစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။

နယ်စပ်တစ်လျောက်က ကရင်လူမျိုးတွေကို ခြိမ်းခြောက်ဖို့ရည်ရွယ်ပြီး ထိုင်းနဲ့ မြန်မာစစ်တပ်ကြား ပူးပေါင်းဆောင်ရွက်မှု ရှိ မရှိ စုံစမ်းစစ်ဆေးပေးဖို့ Democracy Group က Nonthaburi New Generation Network နဲ့အတူ လွှတ်တော်အမတ်တွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၃၀ ရက်မှာ မြန်မာစစ်တပ်က MiG-29 ဂျက်တိုက်လေယာဉ်တစ်စင်း တက်ခ်ပြည်နယ်၊ ပေါ့ဖယား ခရိုင်ထဲက ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာလို့ ဒေသခံတွေကြား အုတ်အော်သောင်နင်း ဖြစ်ခဲ့ရ ပါတယ်။

မြန်မာစစ်လေယာဉ် ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တာ တိုင်းရင်းသား ကရင်လူမျိုးတွေ ပျက် သုဉ်းရေးအတွက် ပူးပေါင်းကြံစည်တာလို့ တက်ကြွလှုပ်ရှားသူအဖွဲ့တွေက သံသယရှိနေပါတယ်။

အမှတ် ၃ ကြည်းတပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အပီချက်ဆူဆတ်က နယ်စပ်ကော်မတီအစည်းအဝေး တက်ရောက်ဖို့ ဇွန်လ ၂၉ ရက်က မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ကို သွားရောက်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပရွတ်ဆာကာဆီမွတ်ခ်က ပြောပါတယ်။

“မြန်မာစစ်လေယာဉ် ကျူးကျော်ဝင်ရောက်တာနဲ့ ဗိုလ်ချုပ်ကြီး အပီချက်ရဲ့ မြန်မာခရီးစဉ်က တိုက်ဆိုင်မှု တစ်ခုလား? ထိုင်းနဲ့ မြန်မာအာဏာရှင်တွေက အာဆီယံနဲ့ ကျန်တဲ့အသိုင်းအဝိုင်းတွေအတွက် ဖြစ်နိုင်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ခုဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေပါတယ်” လို့ သူက ဆိုပါတယ်။နယ်စပ်တစ်လျောက် နေထိုင်ကြတဲ့ပြည်သူတွေက အနီးကပ် ဆက်စပ်နေတာကြောင့် မြန်မာနိုင်ငံမှာ ဖြစ် ပျက်သမျှက ထိုင်းနိုင်ငံမှာ သက်ရောက်မှုရှိမယ်လို့ Move Forward ပါတီမှ လွှတ်တော်အမတ် ရန်စီမန်ရိုမီက ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; Activists accuse Thai officials of conspiring with Myanmar after air intrusion