
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ စစ်ကောင်စီက ကျောင်းသားတွေကို ဖမ်းဆီးပြီး စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်လောက်က အသုတ်အထကကျောင်း ဗုံးလန့်မှုဖြစ်ပြီးနောက်ပိုင်း ဇူလိုင်လ ၆ ရက်နေ့က ကျောင်းဆင်းချိန်မှာ Grade- 7 က ကျောင်းသားတဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ဆေးတာတွေ ပြုလုပ် ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က အသုတ်အထကကို ဗုံးခွဲမယ်ဆိုပြီး စာချတဲ့ ဖြစ်ရပ်ဖြစ်သွားတယ် ဇွန်လ ၂၄ ရက်နေ့ကဖြစ်တာ အဲ့တာကို ကျောင်းသားတွေကို ဖမ်းပြီးစစ်နေတာ”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ် ပြောပါတယ်။
အသုတ်အထက်တန်းကျောင်းကိုဗုံးခွဲမယ်ဆိုပြီး စာချတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံရတဲ့ ကျောင်းသား ကို စစ်ကောင်စီဘက်က ဇူလိုင်လ ၇ ရက်နေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းတွေလွှင့်ထားပေးမယ့် အတည်ပြုမရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြန်ဖွင့်တဲ့ စာသင်ကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို စိတ်မထင်ရင် ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။