
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်
ဂျပန်နိုင်ငံအနောက်ပိုင်း နာရာစီရင်စုက လမ်းမပေါ်မှာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်နဲ့ ပစ် ခတ်ခံခဲ့ရပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်ရာနေရာမှာ လူတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ရှင်ဇိုအာဘေးဟာ နာရာမြို့တော်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် မိန့်ခွန်းပြောနေချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။
ဒီနေ့မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ အခင်းဖြစ်ရာနေရာက လူတွေက သေနတ်သံနှစ်ချက် ကြားရပြီးတဲ့ နောက် ရှင်ဇိုအာဘေး လဲကျသွားခဲ့ပါတယ်။ ရှင်ဇိုအာဘေးကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး စိုးရိမ်ရတဲ့လက္ခဏာတော့ မပြဘူးလို့ မီးသတ်ဌာနက ပြောပါတယ်။
ရဲတပ်ဖွဲ့က လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုနဲ့ နာရာမြို့တော်နေ အသက် ၄၁ နှစ်အရွယ် ယာမာဂါမီ တက်ဆူယာ ဆိုသူကို ဖမ်းဆီးလိုက်ပါတယ်။ ပစ်ခတ်မှုဖြစ်ရာနေရာမှာ သံသယရှိသူ ကိုင်ဆောင်ခဲ့တယ်ဆိုတဲ့ သေနတ်တစ်လက်ကို သိမ်းဆည်းရမိ တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရှင်ဇိုအာဘေးကို စီရင်စုအတွင်းရှိ ကာရှီဟာရာမြို့တော်က နာရာဆေးတက္ကသိုလ်ဆေးရုံကို လွှဲပြောင်း ပေးခဲ့ပါတယ်။ ရှင်ဇိုအာဘေးဟာ နောက်ဘက်ကနေ ပစ်ခတ်ခံခဲ့ရပုံပေါ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ရှင်ဇိုအာဘေးက သွေးထွက်လွန်နေတယ်လို့ နာရာမြို့တော် ယာမာတိုဆိုင်ဒိုင်ဂျီ ဘူတာရုံအနီး ပစ်ခတ် မှုဖြစ်ရာနေရာကို ရောက်ရှိနေတဲ့ NHK သတင်းထောက်တစ်ဦးက ပြောပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာပြုလုပ်မယ့် အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ လစ်ဘရယ်ဒီမိုကရက် တစ်ပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် ရှင်ဇိုအာဘေးက မဲဆွယ်စည်းရုံးပေးနေချိန်မှာ သေနတ်နဲ့ ပစ် ခတ်ခံခဲ့ရတာပါ။
ကိုးကား – NHK
Ref; Former Japanese PM Abe Shinzo shot in Nara, man in his 40s arrested