ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ကို ၂ ရက်ကြာလာရောက်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မနေ့ကဖေဖော်ဝါရီလ ၈ ရက်နေ့ နေပြည်တော်ကိုပြန်ခါနီးမှာ ပုသိမ်လေဆိပ်ခန်းမမှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရတယ်။

ဒီလိုတွေ့ဆုံချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဧရာဝတီတိုင်းအတွင်းက ဘုရားစေတီတွေကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ကြဖို့ Non- CDM ဌာနဆိုင်ရာ ဝန်ထမ်းတွေကို မှာကြားသွားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“သူမမှာခင်ထဲက မင်းအောင်လှိုင်လာမယ်လို့ သတင်းထွက်ကတည်းက ဌာနဆိုင်ရာတွေ တစ်မြို့လုံးကဘုရားတွေကိုသန့်ရှင်းရေးလုပ်ရတာ။ သူက ခရီးသွားလုပ်ငန်းတိုးတက်ဖို့ဆိုရင် ဘုရားစေတီတွေကို သန့်ရှင်းရေးလုပ်ရမယ်လို့ပြန်ခါနီးမှာသွားတယ်”လို့ Non-CDM ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပုသိမ်မြို့ကိုရောက်ရှိလာခဲ့ပြီးတိုင်းအတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့ကာ ရွှေမုဌောဘုရားနဲ့ သာပေါင်းမြို့ပျော့ဖတ်စက်ရုံကိုလည်းသွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရိီလ ၈ ရက်နေ့မှာတော့ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းရေတပ်စခန်းခန်းမမှာ တပ်မိသားစုတွေ ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံခဲ့ပြီး ဧရာ၀တီတိုင်းဟာ တည်ငြိမ်အေးချမ်းနေတယ်လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရောက်ရှိနေချိန် နှစ်ရက်အတွင်း ပုသိမ်မြို့မှာလုံခြုံရေးအင်အားအများအပြားချထားပြီး လမ်းများပေါ်မှာ အမှိုက်မရှိအောင် ရှင်းလင်းထားကာ ၂ရက်ဆက်တိုက်ကျေးရွာများပါ မကျန် လျှပ်စစ်မီး ၂၄ နာရီပေးခဲ့တယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။

#ဧရာဝတီ #ဘုရား #စေတီ #သန့်ရှင်းရေး #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #မှာကြား
#Ayeyarwaddy_Times