ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ ဘေးအန္တရာယ်ကင်းစွာ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးဖြစ် မြောက်ဖို့ ဘင်္ဂလားဒေ့ရှ်သမ္မတ အမ်အဗ္ဗဒူဟာမက်က ဘယ်လ်ဂျီယမ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုရရှိဖို့ ကြိုးပမ်း ခဲ့တယ်လို့ သိရပါတယ်။

အလည်အပတ်ရောက်ရှိနေတဲ့ ဘယ်လ်ဂျီယမ်ဘုရင်မ မာသီလ်ဒီနဲ့ တွေ့ဆုံချိန်မှာ ဘင်္ဂလားဒေ့ရှ်သမ္မတ အမ်အဗ္ဗဒူဟာမက်က အခုလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှုတွေကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာ ၁ ဒသမ ၁ သန်း ကျော်ကို ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဘင်္ဂလားဒေ့ရှိနိုင်ငံက လက်ခံထားရတယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်ကောင်စီက ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ သင့်တော်တဲ့အခြေအနေ မဖန်တီးတာကြောင့် ရိုဟင် ဂျာတွေ နေရပ်မပြန်နိုင်သေးဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်စေတယ်လို့ သူ က ပြောပါတယ်။

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး သင့်တော်တဲ့ခြေလှမ်းတွေ လုပ်ဆောင်ကြ ဖို့ ဘင်္ဂလားဒေ့ရှ်သမ္မတနဲ့ ဘယ်လ်ဂျီယမ်ဘုရင်မတို့က နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီတွေကို တိုက်တွန်းလိုက်ပါ တယ်။

အဓမ္မ နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေကို လက်ခံထားခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူသားဆန် မှုကို ပြသခဲ့တယ်လို့ ဘယ်လ်ဂျီယမ်ဘုရင်မက ပြောပါတယ်။

ကိုးကား – BBS News
Ref; President seeks Belgium’s supports for safe Rohingyas repatriation