ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဖေဖော်ဝါရီလ ၉ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့ရဲစခန်းကို CNA-CDF က ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ထံက သိရသည်။
ယမန်နေ့ ည ၁၀ နာရီခန့်မှ စတင်၍ စစ်ကောင်စီလက်အောက်ခံ ထန်တလန်မြို့ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ည ၁ နာရီဝန်းကျင်တွင် ရဲစခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြသည်။
အဆိုပါ ရဲစခန်းတိုက်ပွဲတွင် CAN ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး လက်နက်များ ၊ ဒရုန်းပစ် လက်နက်များ အပါအဝင် လက်နက် ၄၀ ကျော်နှင့်ခဲယမ်းများ အများအပြား ရရှိ ခဲ့ကြောင်းသိရှိရသည်။
ထန်တလန်မြို့မရဲစခန်းသိမ်းပိုက်ခြင်းနှင့် ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပါ။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ ချင်းပြည်နယ်ရှိ ထန်တလန် မြို့နယ် အပါအဝင် ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် ထန်တလန်မြို့မရဲစခန်းကို CNA-CDF တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် နောက်ဆက်တွဲသတင်းများကို ချင်းကာကွယ်ရေး တပ်ဖွဲ့များ နှင့် ဆက်သွယ်၍ ဆက်လက်ဖော်ပြပေးသွားပါမည်။
#ထန်တလန် #ရဲစခန်း #သိမ်းပိုက် #လက်နက်၄၀ကျော် #သိမ်းဆည်း #CNA-CDF
#Ayeyarwaddy_Times