ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်
အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron က မြန်မာနိုင်ငံရှိ ရတနာကမ်းလွန်လုပ်ကွက်ရှိ အစုရှယ်ယာတွေ ကို ရောင်းချဖို့ သဘောတူလိုက်ပြီဖြစ်ရာ Justice for Myanmar အနေနဲ့ နိုင်ငံပိုင် မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ် ငန်း (MOGE) အပေါ် ဒဏ်ခတ်အရေးယူဖို့ ကနေဒါနဲ့ ဗြိတိန်နိုင်ငံကို တောင်းဆိုနိုင်တော့မှာဖြစ်ပါတယ်။
MTI Energy ရဲ့ လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်တဲ့ Et Marten Holdings သို့ ရတနာဓာတ်ငွေ့စီမံကိန်း ရှိ အစုရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်း ရောင်းချဖို့ သဘောတူလိုက်ပြီလို့ Chevron က အတည်ပြုလိုက်ပါတယ်။
သဘောတူညီချက်ပါ အချက်အလက်တွေက လျို့ဝှက်ဖြစ်ပြီး သဘောတူညီချက်ပါတန်ဖိုးကို မဖော်ပြဘူး လို့ Chevron မှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
“ရတနာကမ်းလွန်လုပ်ကွက်ဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံး ဓာတ်ငွေ့စီမံကိန်းဖြစ်ပြီး တရားမဝင် စစ်ကောင်စီအတွက် ပြည်ပဝင်ငွေ အများဆုံးရရှိနေတဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ဓာတ်ငွေ့ရောင်းချမှုကနေရရှိတဲ့ ဝင်ငွေကြောင့် စစ်ကောင်စီက စစ်ရာဇဝတ်မှုနဲ့ လူသားမဆန်သောရာဇဝတ်မှု ကျူးလွန်စေပါတယ်” လို့ လူ့အခွင့် အရေးအဖွဲ့ Justice for Myanmar က ပြောပါတယ်။
ရတနာဓာတ်ငွေ့စီမံကိန်းကို ယခင်က ပြင်သစ်စွမ်းအင်ကုမ္ပဏီ TotalEnergies က လုပ်ကိုင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီးနောက် Chevron၊ ထိုင်းနိုင်ငံမှ PTTEP နဲ့ MOGE တို့က ပူးတွဲ လုပ်ကိုင်ခဲ့ တာဖြစ်ပါတယ်။
“Chevron က ရတနာစီမံကိန်းရှိ အစုရှယ်ယာတွေကို MTI Energy သို့ တာဝန်မဲ့ရောင်းချမှုကြောင့် ဓာတ် ငွေ့ရောင်းချမှုကနေရရှိတဲ့ ငွေကြေးတွေဟာ စစ်ကောင်စီ မြန်မာနိုင်ငံကို မထိန်းချုပ်နိုင်အောင် ပိတ်ပင်ခဲ့တဲ့ နှစ် နှစ်ကြာ လူထုတော်လှန်မှုကို လက်တုံ့ပြန်တဲ့ တရားမဝင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို အထောက် အကူဖြစ်စေပါတယ်” လို့ Justice for မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
MTI Energy ရဲ့ မြန်မာပြည်သူတွေရဲ့ အသက်နဲ့ ဒီမိုကရေစီဆန္ဒကို အလေးမထားမှု၊ စီးပွားရေးနဲ့ လူ့အ ခွင့်အရေး အခြေခံစည်းမျဉ်းတွေ ချိုးဖောက်မှုကို ရှုတ်ချပါတယ်လို့ သူက ဆိုပါတယ်။
MOGE ကို ချက်ချင်း ဒဏ်ခတ်အရေးယူဖို့နဲ့ စစ်ကောင်စီကို ငွေကြေးမထောက်ပံ့နိုင်အောင် ပိုင်နက်နယ် မြေအတွင်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်မပြုဖို့ ပြီးခဲ့တဲ့အပတ်အတွင်း Justice for Myanmar က ကနေဒါ နဲ့ ဗြိတိန်အစိုးရတွေကို တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – Upstream
Ref; Chevron exits Myanmar upstream sector