ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်
အရေးပေါ်အခြေအနေ သက်တမ်းတိုးခဲ့တဲ့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့ ယခုနှစ် အာဆီယံအ ဖွဲ့ ဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီးတစ်ဉီးကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ဖွယ်ရှိတယ်လို့ သိရပါတယ်။
ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးမှ အစိုးရဝန်ကြီး၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဉီးဖြစ်လာခဲ့တဲ့ အသက် ၇၅ နှစ်အရွယ် ပင်လယ်ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး လူဟတ်ပန်ဂျိုင်တန်ဟာ သမ္မတ ဝီဒိုဒိုရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်လာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
Mr. Fix-it အဖြစ် လူသိများတဲ့ ပန်ဂျိုင်တန်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်မှ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းနဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအထိ တာဝန်ဝတ္တရားတွေ အောင် မြင်စွာ ထမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။
ရွေးချယ်ခံရပါက မြန်မာ့နိုင်ငံရေးအကျပ်အတည်း ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူ ဒီ ဉီးဆောင်တည်ထောင်ထားတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရုံးရဲ့ အစိတ်အပိုင်းဖြစ်လာမှာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ဘုံသဘောတူ ညီချက် ၅ ရက်ကို စစ်ကောင်စီက မဖော်ဆောင်တာနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံအဖွဲ့အတွင်း တင်းမာသောရပ်တည်ချက်ရှိခဲ့ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေ၊ ဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ အာဏာသိမ်းစစ်ကောင်စီ ကိုယ် စားလှယ်တွေကို တက်ရောက်ခွင့်ပိတ်ပင်ဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက အာဆီယံခေါင်းဆောင်တွေကို အဆိုပြု ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပိုမို အထီးကျန်ဆန်လာပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် ထောက်ခံသူတွေကို နှိမ်နင်းရာမှာ ရက်စက်ကြမ်းကြုတ်သော နည်းပရိယာယ်တွေကို မှီခိုလာပါတယ်။
တိုင်းပြည်အတွင်း အခြေအနေတည်ငြိမ်စေဖို့ဆိုကာ ပြီးခဲ့တဲ့အပတ်အတွင်း စစ်ကောင်စီ အကြီးအကဲ မင်း အောင်လှိုင်က အရေးပေါ်အခြေအနေ သက်တမ်းတိုးကာ သြဂုတ်လအတွင်း ပြုလုပ်ဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲ ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေက ဒဏ်တ်အရေးယူမှုတွေ ပိုမို ပြုလုပ်လာတာကြောင့် အာဆီယံဥက္ကဌအနေ နဲ့ အင်ဒိုနီးရှားနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်နယ့် နည်းလမ်းရှာဖို့ ကြိုးပမ်းနေပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေကို အုပ်ချုပ်ရေးမှစွန့်ခွာကာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန် လျှောက်လှမ်းဖို့ နားချမယ့် ပျော့ပြောင်းသော သံခန်းတမန်ခင်းအသုံးပြုဖို့ ပန်ဂျိုင်တန်ကို တာဝန်ပေးအပ်မယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
၁၉၆၆ ခုနှစ်မှာ တိုင်းပြည်ရဲ့ ပထမဆုံးသမ္မတထံမှ အာဏာသိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဆူဟာတို ကို ၁၉၉၈ ခုနှစ်မှာ ရာထူးမှဖြုတ်ချပြီးနောက် အင်ဒိုနီးရှားနိုင်ငံဟာ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ပါတယ်။
ဆူဟာတိုဟာ အင်ဒိုနီးရှားနိုင်ငံက ဆယ်စုနှစ်သုံးခုကြာ တင်းကျပ်စွာ အုပ်ချုပ်ခဲ့ပြီး မြန်ဆန်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေခဲ့သလို ပန်ဂျိုင်တန်လို စစ်ခေါင်းဆောင်ဟောင်းတွေက အစိုးရအဖွဲ့တွေမှာ တာဝန်ယူခဲ့ပါ တယ်။
စစ်ဗိုလ်ချုပ်ကြီးတွေအနက် ဆူဆီလိုဘန်ဘမ်းယူဒိုယိုနိုဟာ အင်ဒိုနီးရှားသမ္မတ ဖြစ်လာခဲ့ပါတယ်။ စစ် ကောင်စီအနေနဲ့ အင်ဒိုနီးရှားနိုင်ငံမှ သင်ခန်းစာ ယူသင့်တယ်လို့ ပန်ဂျိုင်တန်က ပြောကြားခဲ့ပါတယ်။
မြန်မာဗိုလ်ချုပ်ကြီးတွေဟာ နိုင်ငံရေးနယ်ပယ်မှာ နောက်ပြန်ဆုတ်ကာ တိုင်းပြည်ကို အရည်အချင်းရှိသူ တွေ အုပ်ချုပ်ပါစေလို့ မကြာသေးမီက ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တော်မှာပြုလုပ်မယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပန် ဂျိုင်တန်က ပြောကြားခဲ့ပါတယ်။
ကိုးကား – Bloomberg
Ref; Indonesia Considers Appointing General-Turned-Minister as Asean’s Myanmar Envoy