ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဖေဖော်ဝါရီလ ၈ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြိုကိုးပင်အုပ်စုမှ ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ သံချောင်းကို ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက် နေ့လည် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ကြိုပင်ကောက် Hero ပြောက်ကျားအဖွဲ့က ရှင်းလင်းခဲ့ကြောင်း သိရသည်။

ကျွဲဖြူမကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် သံချောင်းသည် လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်နေပြီး ၎င်းအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြင့် သေနတ်နှင့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်း​ဖြစ်ကြောင်းသိရသည်။

“သူက ပျူခေါင်းဆောင်ဆိုတော့ စစ်ကောင်စီထောက်တိုင်ဖြစ်တယ်၊ PDF သတင်းတွေစုံစမ်းပြီးတင်ပြတယ်။ စစ်ကောင်စီကို ခြိမ်းခြောက်တယ်ဆိုပြီး တိုင်ကြားတာတွေကို အဖွဲ့ကနေလက်ခံရရှိတယ်။ စစ်တပ်ကနေ စစ်ကြောင်းထိုးလာရင်လည်း သူကနေရာထိုင်ခင်းစီမံပေးတယ်၊ ချက်ပြုတ်ကျွေးမွေးတာမျိုးတွေရှိတယ်။” ဟု ပဲခူးတိုင်း PDF သတင်းပြန်ကြာရေးတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒါ့ပြင် အုတ်ဖိုမြို့နယ်အတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း ပြည်သူများအား စစ်တပ်ခေါ်၍ဖမ်းဆီးခိုင်းသည့် ကြို့ကိုးပင်ရွာ အုပ်ချုပ်ရေးမှူး တင်ဇော်မင်း၏ နေအိမ်အား သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ တို့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။