ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်
တူရကီနဲ့ ဆီးရီးယားနိုင်ငံမှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေစဉ် သေဆုံးသူဉီးရေဟာ ရှစ်ဆအထိ မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း (WHO) မှ အကြီးတန်း တာဝန်ရှိသူတစ်ဉီးက သတိပေးလိုက်ပါတယ်။
မြေငလျင် လှုပ်ခတ်ပြီးနောက် ဒဏ်ရာရရှိသူတွေ များတာကြောင့် သေဆုံးသူဉီးရေ ၂၀၀၀၀ ကျော်အထိ ရှိ လာနိုင်တယ်လို့ WHO ရဲ့ ဉရောပဆိုင်ရာ အကြီးတန်းအရာရှိ ကက်သရင်းစမောဝုဒ်က ပြောပါတယ်။
“အင်အားပြင်းမြေငလျင် လှုပ်ခတ်ပြီးရင် ကနဉီး သေဆုံးသူအရေအတွက်ထက် မြင့်တက်လာတတ်ပါ တယ်” လို့ သူက ဆိုပါတယ်။ ပြင်းအား ၇ ဒသမ ၈ အဆင့် မြေငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ် ပြီးနောက် တစ်ရက်အတွင်း လူပေါင်း ၄၆၀၀ ကျော် သေဆုံးကာ ၂၀၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အေးမြသော ရာသီဥတုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထောင်နဲ့ချီတဲ့ အိုးအိမ်မဲ့ပြည်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နှောင့်နှေးစေခဲ့ပါတယ်။
ပြိုကျခဲ့တဲ့ ထောင်နဲ့ချီတဲ့ အဆောက်အအုံတွေထဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာကူညီဖို့ ဉရောပတိုက်နဲ့ ကမ္ဘာတစ်ဝန်းက ကယ်ဆယ်ရေးသမားတွေဟာ တူရကီနဲ့ ဆီးရီးယားနိုင်ငံသို့ သွားရောက်နေကြ ပါတယ်။
မြေငလျင်တွေ လှုပ်ခတ်မှုကြောင့် လူနေအဆောက်အအုံ ၅၆၀၀ ကျော် ပျက်စီးခဲ့တယ်လို့ တူရကီ တာဝန် ရှိသူတွေက ပြောပါတယ်။
“သေဆုံးသူ၊ ဒဏ်ရာရရှိသူ ဘယ်လောက်အထိ များပြားတယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး” လို့ တူရ ကီသမ္မတ ရီစက်တေယက်အာဒိုဂန်က ပြောပါတယ်။
၂၀၁၅ ခုနှစ်ကလည်း နီပေါနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် လူပေါင်း ၉၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ကိုးကား – Huffington Post
Ref; Turkey-Syria Quake Death Toll Could Top 20,000, WHO Official Says