ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်
ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေစဉ် တိုက်ခိုက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လုပ် ဆောင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်တပ်ကို အမိန့်ပေးလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေ က ယနေ့ ဖော်ပြပါတယ်။
ကင်ဂျုံအန်က အလုပ်သမားပါတီ ရှစ်ကြိမ်မြောက် ဗဟိုစစ်ဘက်ကော်မရှင်ရဲ့ လေးကြိမ်မြောက်အစည်း အဝေးမှာ ဒေသတွင်းအခြေအနေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဆိုပါတယ်။
ထိပ်တန်းစစ်ဘက်အရာရှိတွေ၊ အရပ်ဘက်တာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့ အဲဒီအစည်းအဝေးမှာ စစ်ပွဲ ဆင်နွှဲရေး အသင့်ဖြစ်ရေးအပါအဝင် အရေးပါတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ်လို့ KCNA က ဆိုပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျောင် ဆပ်တို့ ပြီးခဲ့တဲ့အပတ်က ဆိုးလ်မြို့တော်မှာ တွေ့ဆုံခဲ့ပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေတိုးမြှင့်ဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
အမေရိကန်ရဲ့ စစ်လက်နက်တွေကို အချိန်နဲ့တစ်ပြေးညီ ညှိနှိုင်းတိုင်ပင်ပြီး ဖြန့်ကြက်ရေး အနာဂတ်မှာ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ အမေရိကန်နဲ့တောင်ကိုရီးယားက သဘောတူခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်က ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ချိန်မှာ မြောက်ကိုရီးယားက ဒုံး ကျည် ၆၀ စင်းထက်မနည်း ပစ်လွှတ်ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ဒီလအတွင်း Deterrence Strategy Committee ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ကိုးကား – Anadolu
Ref; North Korean leader orders military to increase combat exercises