ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့၊ မြို့မရပ်ကွက်ရှိ အာရုဏ်တော်ဆွမ်းလောင်းအသင်းဓမ္မာရုံရှေ့ အလှူခံမဏ္ဍပ်အတွင်း၌ ထွေအုပ်ရုံး ဒုမြို့နယ်မှူးအပါအ၀င် အုပ် ချုပ်ရေးမှူးနှင့် သတင်းပေးဒလန်များ၊ အရပ်၀တ်စစ် ကောင်စီတပ်ဖွဲ့၀င်များ ဝိုင်းဖွဲ့ထိုင်နေစဉ် ဗုံးဖြင့်တိုက်ခိုက်ခံရပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။
ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က နေပြည်တော်တွင် တည်နေသည့် ဘုရားအတွက် အလှူခံနေရာ ယင်းအလှူခံမဏ္ဍပ်အတွင်းအရပ်၀တ်များဖြင့် ဒုမြို့နယ်မှူးနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့၀င်များ ဝိုင်းဖွဲ့ထိုင်နေစဉ် လက်ပစ်ဗုံး ၃ လုံးနှင့် ပစ္စတိုသေနတ်တို့ဖြင့်ပါ ၅ ချက်ပစ်ခတ်ခဲ့မှုကို Myitnge- PDF မြို့ပြပျောက်ကျားအထူးတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြော သည်။
“သတင်းကို ချက်ချင်းမထုတ်ပြန်နိုင်တာ လုံခြုံရေး အခက်အခဲတွေကြောင့်ပါ။ စစ်အုပ်စုနဲ့ စစ်တပ်လက် အောက်ခံအဖွဲ့တွေ ထိုင်နေတုန်း လက်ပစ်ဗုံး ၃ လုံးနဲ့ ပစ္စတိုသေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာ ပြန်သိရသလောက် ၄ ယောက်သေတယ်။ အခြေအနေကို ထပ်စုံစမ်းနေတုန်းပါပဲ”ဟု တပ်ဖွဲ့၀င် ရဲဘော်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ရာအိမ်မှူး အုန်းကြိုင် ၄၆ နှစ်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ကျော်လင်း ၃၈ ဆိုသူမှာကျည်နှင့် ဗုံးစထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွားကြောင်း စဉ့်ကိုင်မြို့နယ်ရှိ တပ်ဖွဲ့၀င်နှင့် နီးစပ်သူတစ်ဦးမှအတည်ပြုပြောဆိုသည်။
တိုက်ခိုက်မှုကြောင့် ၄ ဦးသေဆုံးမှုကိုမူ သီးခြားအတည်ပြု၍ မရသေးဘဲ တိုက်ခိုက်မှုကို Myitnge- PDF မြို့ပြပျောက်ကျားအထူးတပ်ဖွဲ့၊ LPDF -Sintgaing နှင့် ကျောက်ဆည်(ပ.က.ဖ)တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။