ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်

အာဆီယံဥက္ကဌအနေနဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်အရေးလိုမျိုး ဒေသ တွင်းတည်ငြိမ်မှုကို ထိခိုက်စေသော ပြဿနာများဖြေရှင်းရာမှာ အင်ဒိုနီးရှားနိုင်ငံက အဓိကကျသော အခန်းကဏ္ဍ တစ်ရပ်မှ ပါဝင်နေတယ်လို့ အမျိုးသားဘေးအန္တရာယ်အင်စတကျု့ အကြီးအကဲ အန်ဒီဝီဂျာဂျန်တိုက ပြောပါ တယ်။

ဂျကာတာမြို့တော်မှာ ပြုလုပ်တဲ့ “The Latest ASEAN in the Global Stage” ဆွေးနွေးပွဲမှာ အန်ဒီက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆီယံအဖွဲ့မှာ ပဋိပက္ခဖန်တီးခြင်းထက် ပူးပေါင်းဆောင်ရွက်မှုကို အားပေးတဲ့ သံတမန်ရေးနည်းလမ်း တွေ ရှိတာကြောင့် အာဆီယံခေါင်းဆောင်အနေနဲ့ အင်ဒိုနီးရှားနိုင်ငံက အဆိုပါပြဿနာနှစ်ခု အဖြေရှာဖို့ အားပေး တယ်လို့ သူက ဆိုပါတယ်။

“ဥပမာ မြန်မာ့အရေးမှာဆိုရင် အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးပါဝင် တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အချက်တစ်ချက်ပါရှိတဲ့ တူညီဆန္ဒ ၅ ချက်ကို အခြေခံပါမယ်” လို့ သူက ဆိုပါတယ်။

ဒေသတွင်း တည်ငြိမ်မှုနဲ့ ဒေသတွင်းအသိုင်းအဝိုင်း ဖွံ့ဖြိုးရေးနဲ့ သက်ဆိုင်တာကြောင့် မြန်မာ့အရေးဟာ အလွန်အရေးပါတဲ့ အကြောင်းအရာတစ်ခုဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံ ပူးပေါင်းဆောင်ရွက် ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဆီဒါတိုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တည်ငြိမ်မှသာ အာဆီယံဒေသရဲ့ စီးပွားရေးတည်ငြိမ်မှု ရရှိမယ်လို့ မဟာဗျူဟာနှင့် နိုင်ငံ တကာလေ့လာရေး ဗဟိုဌာန (CSIS)၊ စီးပွားရေးဌာန အကြီးအကဲ ဖာဂျာဟီရာဝမ်က ပြောပါတယ်။

ကိုးကား – Antara News
Ref; Indonesia has an important role in ASEAN stability: Lemhannas