ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်
၂ဝ၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာ နိုင်ငံဆိုင်ရာ အရေးပေါ်အခြေအနေကို သက်တမ်းတစ်နှစ် တိုးလိုက်တယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သား အစိုးရကို ဖြုတ်ချပြီး ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေ၊ သတင်းထောက် တွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီး အကျဉ်းချခဲ့တယ်လို့လည်း အိမ်ဖြူတော် ကြေညာချက်က ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ပယ်ချခဲ့ပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေခဲ့တယ်လို့ ထုတ် ပြန်ချက်က ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ထူးခြား တဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီအပေါ် အရေးယူခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ်အခြေအနေ အမိန့်အမှတ် ၁၄၀၁၄ ကို တနှစ်သက်တမ်းတိုးရတာဖြစ်ပါတယ်လို့လည်း အိမ်ဖြူတော်ရဲ့ ကြေညာချက်က ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းတာနှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံ တွေက စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ဆက်စပ်စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်အရေးယူမှု တွေ ပြုလုပ်ခဲ့ပါ သေးတယ်။
ကိုးကား – whitehouse.gov
Ref; Notice on the Continuation of the National Emergency with Respect to the Situation in and in Relation to Burma