ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်

တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ မနေ့ကမနက်ပိုင်းက ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အလွန် အင်အား ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် တူရကီနိုင်ငံမှာ သေဆုံးသူ ၂၃၇၉ ဉီးအထိ ရှိလာခဲ့ပြီလို့ ဘေး အန္တရာယ်နှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ သေဆုံးသူ ၁၄၄၄ ဉီး ရှိတာကြောင့် နှစ်နိုင်ငံစလုံးမှာ သေဆုံးသူ စုစုပေါင်း ၄၃၆၅ ဉီး အထိ ရှိလာခဲ့ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
အခုသေဆုံးသူအရေအတွက်ဟာ မြေငလျင်လှုပ်ခတ်ပြီးနောက် ၂၄ နာရီအတွင်း ရရှိခဲ့တဲ့ သေဆုံးသူစာ ရင်း ဖြစ်ပါတယ်။

တူရကီနဲ့ဆီးရီးယားမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ အခုအခါ အိုးအိမ်မဲ့ဖြစ်လာပြီး အလွန် အအေးပြင်းထန်တဲ့နေရာမှာ အိပ်စက်နေရတယ်လို့ သိရပါတယ်။

ငလျင်လှုပ်ခတ်ရာ ဗဟိုချက်မမှ မိုင် ၂၀ ခန့်အကွာ တူရကီဘက်ခြမ်းရှိ ပြည်နယ်မြို့တော် ဂါဇီယန်တက်ပ် မြို့မှာ ပြည်သူတွေဟာ ရှော့ပင်းစင်တာတွေ၊ အားကစားကွင်းတွေ၊ ဝတ်ပြုကျောင်းတွေ၊ လူထုစင်တာတွေမှာ ခိုလှုံ နေရတယ်လို့ သိရပါတယ်။

နိုင်ငံတကာက တူရကီနိုင်ငံသို့ ကယ်ဆယ်ရေးသမားတွေ စေလွှတ်နေသလို အပျက်အစီးတွေအောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲဖြစ်တာကြောင့် သေဆုံးသူဉီးရေ တိုးလာနိုင်တယ်လို့ ခန့်မှန်းရပါ တယ်။

မြေငလျင်လှုပ်ခတ်ပြီးနောက် ပြည်သူအားလုံးထံရောက်ရှိအောင် အကူအညီ ပေးပို့မယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ဆီးရီးယားသံတမန်က ပြောပါတယ်။

ကိုးကား – The Guardian
Ref; Turkey and Syria earthquake updates: more than 4,300 people confirmed dead after major quakes with number set to rise – latest news