ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၇ ရက်
ရန်ကုန်တိုင်း၊ သာကေတ၊ ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ယနေ့ ညနေပိုင်းအချိန်က လက်ပစ်ဗုံးဖြင့် တိုက် ခိုက်ခံရကြောင်း မြို့နယ်နေထိုင်သူများ၏ ပြောပြ ချက်အရ သိရှိရသည်။
ယနေ့ ဖေဖော်ဝါရီ ၆ ရက် ညနေ ၄ နာရီခွဲ၀န်းကျင်အချိန်ခန့်က သာကေတမြို့နယ်၊ ရတနာပုံလမ်းရှိ ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတာ။ ပြီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရမှန်းသိတာ။ အဲဒီလိုပေါက်ပြီး မကြာဘူး စစ်ကားတွေ အများကြီးရောက်လာပြီး လမ်းတွေပိတ်၊ ကားတွေစစ် လုပ်တာ။ အင်အားအတော်များတယ်။ ရုံးထဲထိခိုက်တဲ့လူရှိမရှိတော့ မသိဘူး”ဟု ရပ်ကွက်အတွင်းနေထိုင်သူ အသက်လတ်ပိုင်း အမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။
ထိုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့မှဆောင်ရွက်ခဲ့ကြောင်းနှင့် ထိခိုက်ပျက်ဆီးမှုကို ဧရာ၀တီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြု၍ မရသေးပေ။
စစ်တပ်ထောက်ခံ မီဒီယာအချို့တွင် ယင်းပေါက်ကွဲမှုမှာ PDF အဖွဲ့များမှ ပစ်ပေါက်ထားသည့် တရုတ်ထုတ် လက်ပစ်ဗုံးမှာ ပင်ပြုတ်နေပြီး မပေါက်ကွဲသေးဘဲ ရုံးရှေ့ တွင်ကျရောက်နေခြင်းကြောင့် ရတနာလမ်းပေါ်သို့ လုံခြုံရေးအဖွဲ့များမှ ပြောင်းရွှေ့ဖောက်ခွဲခဲ့ကြောင်း သတင်းလွှင့်နေမှုများအား တွေ့ရသည်။