ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၆ ရက်
မန္တလေးတိုင်း၊ မြင်ခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ဖေဖော်ဝါရီ ၅ ရက် နေ့ ည ၁၂ နာရီအချိန်ခန့်တွင် ကားနှင့် ဆိုင်ကယ်များသုံးကာ ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့အား ငါန်းဇွန် PDF နှင့် မဟာမိတ်အဖွဲ့များမှ ပူပေါင်းတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်သား ၉ ဦးနေရာတွင် သေဆုံးပြီ ၁ ဦးဒဏ်ရာပြင်အထန်ရရှိကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ထံမှသိရသည်။
ငါန်းဇွန်မြို့ မှ ကားတစ်စီး ဆိုင်ကယ် ၅ စီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး အဖွဲ့အား ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)နှင့် မဟာမိတ်အဖွဲ့များမှ ငါန်းဇွန် တံတာဦး ၁၄ မိုင် လမ်းရှိ ညောင်ပင်ကြီးရိုး ကျေးရွာအနီးတွင် မိုင်းဆွဲကာ လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက် ခြင်းကြောင့် စစ်ကောင်စီတပ်မှ ၉ ဦး သေဆုံးပြီ ၁ ဦးဒဏ်ရာပြင်အထန်ရသွားကြောင်း ဇာမဏီပြောက်ကျား တပ်ဖွဲ့ (ငါန်းဇွန်)မှ ပြောသည်။
” ကျွန်တော်တို့တွေ မဟာမိတ်တွေနဲ့ပူးပေါင်းပြီး စစ်ရေးအရှိန်မြင့်နေပြီ၊ ပြည်သူတွေလိုချင်တဲ့ ပန်းတိုင်မဝေး တော့ပါဘူးလို့ ပြည်သူတွေကို သတင်းစကားပေးချင်ပါတယ်ဗျ “ဟု ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) မှ အဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီဘက်မှ ကားများဖြင့်ထပ်မံရောက်ရှိလာပြီ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်သောကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ရပြီ တော်လှန်ရေရဲဘော်များဘက်မှ အထိခိုက်မရှိ ပြန်လည်းဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
စစ်ကောင်စီတပ်များအား ပူပေါင်းတိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)နှင့် မြင်းခြံခရိုင်ရင်း ၆ (ငါန်းဇွန်)၊စစ်ကိုင်းခရိုင်တပ်ရင်း ၂၊ မန္တလေးခရိုင် အမှတ်(၅)တပ်ရင်း (MNPDF)၊ နောင်ရိုးအထူးပြောက်ကျား တပ်ဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျားတပ်ဖွဲ့၊ ခုနှစ်စင်ကြယ်ပြောက်ကျားတပ်ဖွဲ့၊ TGYR ပြောက်ကျားတပ်ဖွဲ့၊ မီးနဂါးပြောက်ကျားတပ်ဖွဲ့၊ special task force၊ ပြည်သူ့အင်အား၊ LPDF(စဥ့်ကိုင်)နှင့် MSPDF(မြောင်) မဟာမိတ်မိတ်ညီကိုတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။