ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၆ ရက်
တရုတ်မိုးပျံဘောလုံးကိုပစ်ချတဲ့ အမေရိကန်နိုင်ငံရဲ့ဆုံးဖြတ်ချက်က နှစ်နိုင်ငံကြားဆက်ဆံရေးကို ဆိုးဆိုး ရွားရွား ထိခိုက်စေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံက သူလျှိုမိုးပျံဘောလုံးလို့ဆိုတဲ့ အဲဒီ မိုးပျံဘောလုံးဟာ မြောက်အမေရိကတိုက်ပေါ်မှာ ရက်ပေါင်းများစွာကြာ ပျံသန်းခဲ့တာကြောင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ တရုတ်ခရီးစဉ်ကို ဖျက် သိမ်းခဲ့ရပါတယ်။
အမေရိကန်ပိုင်နက်နယ်မြေအတွင်း တရုတ်နိုင်ငံရဲ့ လက်သင့်ခံနိုင်စရာမရှိသော ချိုးဖောက်မှုကြောင့် ဂျက်တိုက်လေယာဉ်တစ်စင်းက တောင်ကာရိုလိုင်းနားကမ်းခြေမှာ မိုးပျံဘောလုံးကို ပစ်ချခဲ့တယ်လို့ အမေရိကန် နိုင်ငံက ပြောပါတယ်။
အဆိုပါလုပ်ရပ်ကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီး မိုးပျံဘောလုံးဟာ လမ်းကြောင်းမှားသွားခဲ့တဲ့ အရပ် ဘက်သုံး လေယာဉ်ငယ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
“အမေရိကန်နိုင်ငံရဲ့လုပ်ရပ်က ဘာလီ ဆွေးနွေးပွဲနောက်ပိုင်း တည်ငြိမ်နေတဲ့ နှစ်နိုင်ငံကြားဆက်ဆံရေး ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါတယ်” လို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကျိဖန်က တရုတ်နိုင်ငံရှိ အမေရိကန်သံရုံးထံ ပေးပို့ခဲ့တဲ့ ကန့်ကွက်စာတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်သလို လက်တုံ့ပြန်မယ်လို့ တရုတ်နိုင်ငံက ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။
အဆိုပါမိုးပျံဘောလုံးဟာ သူလျှိုဘောလုံးလို့ ပင်တဂွန် တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး ထိရှလွယ် သော အချက်အလက်တွေ မရယူနိုင်အောင် လုပ်ဆောင်ခဲ့ပြီးပြီလို့ ဆိုပါတယ်။
ကိုလံဘီယာနိုင်ငံမှာလည်း မိုးပျံဘောလုံးတစ်လုံး ထောက်လှမ်းတွေ့ရှိခဲ့ပြီး လေပိုင်နက်မှ ထွက်ခွာသွား ချိန်အထိ စောင့်ကြည့်နေတယ်လို့ လေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုးကား – AFP
Ref; China says US shooting down balloon ‘damaged’ relations