ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၆ ရက်

မြန်မာစစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့် အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်တပ် တာဝန်ရှိသူတွေ သို့မဟုတ် စီးပွားရေးလုပ်ငန်းတွေအပေါ် သြစ တြေးလျနိုင်ငံက ဒဏ်ခတ်အရေးယူတာတွေ မလုပ်ဆောင်ရသေးပါဘူး။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် လက်တုံ့ပြန်မှုအနေနဲ့ လူပုဂ္ဂိုလ်တွေ၊ မြန်မာစစ် တပ်နဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်အရေးယူခဲ့တဲ့ အမေရိကန်၊ ဗြိတိန်၊ ဉရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတွေလို့ သြစတြေးလျနိုင်ငံက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့တာတွေ မလုပ်ဆောင်ခဲ့ပါဘူး။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မြန်မာစစ်ကောင်စီအပေါ် အရေး ယူဖို့ ထပ်တလဲလဲ တောင်းဆိုချက်တွေကို သြစတြေးလျနိုင်ငံက ထည့်သွင်းစဉ်းစားရမယ့် အချိန်ကျရောက်လာပြီ ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို လွှတ်ပေးလိုက်ပြီဖြစ်တာ ကြောင့် စစ်ကောင်စီကို အရေးယူသင့်နေပါပြီ။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ မြန်မာစစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမဆန်သော ရာဇဝတ်မှုတွေအတွက် တာဝန်ရှိခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အကြောင်းမဲ့ ဖမ်းဆီးတာ၊ ထိန်းသိမ်းတာ၊ နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ မြေပြင်နဲ့ဝေဟင် တိုက်ခိုက်မှုတွေ အပါအဝင် ပဋိ ပက္ခဒေသတွေမှာ အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြသူ ၁၇၀၀၀ ကျော် ထိန်းသိမ်းခံခဲ့ရပြီး ပြည်သူ ၂၈၀၀ ကျော် သတ်ဖြတ်ခံခဲ့ ရပေမယ့် တစ်ကယ့်အရေအတွက်က ဒီထက်ပိုများနိုင်ပါတယ်။ စစ်ကောင်စီဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာမှုဉပဒေကို ချိုးဖောက်ကာ သန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေထံ လူသားချင်းစာနာမှုအကူအညီ မ ရောက်ရှိအောင် ပိတ်ပင်ခဲ့ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း လုံခြုံရေးတပ်ဖွဲ့တွေက ခရီးသွားကန့်သတ်ချက်တွေ ပြဌာန်းကာ အကူအညီပေးရေး ယာဉ်တန်းတွေကို ပိတ်ပင်ပြီး စစ်ရေးမဟုတ်တဲ့ ထောက်ပံ့မှုတွေကို ဖျက်ဆီးကာ အင်တာနက်ပိတ်ပင်မှုတွေ ပြု လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူ ၁၇ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ် နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးရုံး (UNOCHA) က ခန့်မှန်းထားပါတယ်။ အာဏာ သိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ပြည်သူတစ်သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး ဒုက္ခသည် ၇၀၀၀၀ ခန့် အိမ် နီးချင်းတိုင်းပြည်များသို့ ထွက်ပြေးခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေနဲ့ ရိုဟင်ဂျာစခန်းတွေ၊ ကျေးရွာတွေအတွက် အကူ အညီတွေပေးပို့တာ ပိတ်ပင်တာကြောင့် စားနပ်ရိက္ခာနဲ့ သောက်သုံးရေပြတ်လပ်မှုတွေ ပိုဆိုးလာခဲ့ပြီး ကူးစက် ရောဂါနဲ့ အာဟာရပြတ်လပ်မှုတွေ တိုးလာစေခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ကြောင့် ရိုဟင်ဂျာနဲ့ရခိုင်ပြည်သူတွေ သေဆုံးတာ၊ ဖမ်းဆီးခံရတာနဲ့ အိုးအိမ်စွန့်ခွာရတာတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြောက်တရားနဲ့ အကြမ်းဖက်မှုတွေ ရှိနေပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း စစ် ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဉီးကို ကြိုးပေးကွက်မျက်ခဲ့တာဟာ အဲဒီ မမျှတတဲ့ တရားစီရင်မှုဟာ မြန် မာနိုင်ငံမှာ ဆယ်စုနှစ်သုံးခုအတွင်း ပထမဆုံးသော ကြိုးမိန့်ဖြစ်ပါတယ်။ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ စွဲချက်မျိုးစုံနဲ့ ထောင်ဒဏ် ၃၃ နှစ် ကျခံနေရပါတယ်။

အကျဉ်းချခံရမှာ၊ နှိပ်စက်ခံရမှာ သို့မဟုတ် သေဒဏ်ပေးခံရမှာ ကြောက်တာကြောင့် ပြည်သူတွေရဲ့ ထုတ် ဖော်ပြောကြားခွင့်က ပိုပြီး အန္တရာယ်ရှိလာပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ် ချမှတ်ခဲ့ပြီး အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ် တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရှုတ်ချခဲ့ပါတယ်။

ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် မဲခွဲဆုံး ဖြတ်ရာမှာ ကြားနေမဲပေးခဲ့တာကြောင့် စစ်ကောင်စီရဲ့ မိတ်ဆွေအနည်းငယ်ဟာ စစ်တပ်ကိုကာကွယ်ပေးဖို့ စိတ်မ ဝင်စားတာကို ပြသခဲ့ပါတယ်။ မြန်မာပြည်သူတွေကတော့ စစ်တပ်ရဲ့ အာဏာလုယူမှုကို ဆန့်ကျင်ခဲ့ပါတယ်။

သြစတြေးလျလိုမျိုး အာရှ ဒီမိုကရေစီနိုင်ငံအချို့က စစ်ကောင်စီကို အဓိပ္ပာယ်ရှိတဲ့ အရေးယူမှုမလုပ် ဆောင်ဘဲ မြန်မာပြည်သူတွေရဲ့ဒုက္ခကို ညှာတာမှုမပြခဲ့တာပါလဲ။

ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောင့် ရုရှားနဲ့အီရန်နိုင်ငံကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယးကြောင့် နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သြစတြေးလျနိုင်ငံရဲ့ ဒဏ်ခတ်အရေးယူတဲ့စာရင်းမှာ မြန် မာနိုင်ငံကို မထည်သွင်းခဲ့ပါဘူး။

သြစတြေးလျနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူတာတွေ မလုပ်ဆောင်ခဲ့ပါ ဘူး။ အာဏာသိမ်းတာနှစ်နှစ်ကြာလာတဲ့အချိန်ထိ သြစတြေးလျနိုင်ငံရဲ့ လူ့အခွင့်အရေး၊ နိုင်ငံခြားရေးမူဝါဒက မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်ကို မကာကွယ်ပေးနိုင်ပါဘူး။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဟန့်တားမယ့် အစီအမံတွေ ချမှတ်ရာမှာ သြစတြေး လျနိုင်ငံက ဒေသတွင်း ဉီးဆောင်သင့်ပါတယ်။ မြန်မာစစ်တပ် တာဝန်ရှိသူတွေ၊ သူတို့ရဲ့ ဝင်ငွေရပေါက်တွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ သြစတြေးလျနိုင်ငံက အာဆီယံနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။

မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းမှ ဝင်ငွေတွေက စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကျူးလွန်ဖို့ ထောက်ကူနေ ပါတယ်။ စစ်တပ်တာဝန်ရှိသူတွေ၊ ဆက်စပ်လုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်တာဟာ ပြည်ပဝင်ငွေ စီးဆင်းမှုကို ရပ်တန့်စေနိုင်သလို လက်နက်တွေဝယ်ယူပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်မယ့် စစ်တပ်ရဲ့စွမ်းရည်ကို ဖြတ်တောက်စေနိုင်ပါတယ်။ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ဆိုရင် မြန်မာပြည်သူ တွေနဲ့အတူ ရပ်တည်ဖို့ သြစတြေးလျနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ ကတိကဝတ်တစ်ခု လိုအပ်ပါတယ်။

HRW ဝဘ်ဆိုဒ်မှာ Manny Maung ရေးသားထားတဲ့ Australia’s inaction on Myanmar helps the Junta ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။