ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၆ ရက်
စစ်ကိုင်းတ်ိုင်း၊ ဆားတောင်မြို့တွင် လောင်းကစားဝိုင်းထောင်ပြီး ပြည်သူကိုခြိမ်းခြောက် ကစားခိုင်းနေသည့် စစ်ကောင်စီ ဒုဗိုလ်နှင့် သတင်းပေးလင်မယားအပါအဝင် ၆ ဦးမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက် နေ့လည် ၁၂ နာရီ တွင် သေနတ်နဲ့ပစ်သတ်ခံရကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါ စစ်ကောင်စီ ဒုဗိုလ်နှင့် စစ်တပ် သတင်းပေးလင်မယားသည် ဆားတောင်မြို့ပေါ်တွင် ဂျင်ဝိုင်းထောင်ကာ အနီးအနားရှိပြည်သူများကို ခြိမ်းခြောက်ကာ ဂျင်ဝိုင်းတွင် လာရောက် ဆော့ကစားဖို့ ဖိအားပေးနေသူများဖြစ်သည် ဟု မြေအောက်လျှပ်စီပြောက်ကျားအဖွဲ့က ပြောသည်။
ထို့ကြောင့် စစ်ကောင်စီ ဒုဗိုလ်မှာ ကားပေါ်တွင်ရှင်းလင်းခံရပြီးစစ်တပ်သတင်းပေး လင်မယားနှင့်အတူစစ်ကောင်စီ တပ်သာ ၃ ဦးမှာတော့ ၎င်းတို့နေအိမ် ဂျင်ဝိုင်းအထိ သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု မြေအောက်လျှပ်စီပြောက်ကျားအဖွဲ့မှပြောသည်။
“ဒီကောင်တွေက ပြည်သူကို ခြိမ်းခြောက်ပြီ ဂျင်ဝိုင်းလာ ဆော့ခိုင်တယ်။ မလာရင် သတ်မယ် ဖမ်းမယ်ဆိုပြီ ပြောတယ်။ အနီးကပြည်သူတွေကတိုင်ထားတာကြာပါပြီ အရင်နေ့တွေက ဒီကောင်တွေမှာ သေနတ်တွေပါတယ်။ ဒီနေ့ကျတော့ ဒုဗိုလ် တစ်ဦးပဲ သေနတ်ပါတာ ဒါကြောင့်ကျနော်တို့လည်း ဝင်ပြီရှင်းခဲ့တာပါ “ဟု မြေအောက်လျှပ်စစ်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းမှ ဧရာဝတီတိုင်မ်းကိုပြောသည်။
ဒါ့ပြင် မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့ အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ စစ်ကောင်စီ ဒုဗိုလ်မှူး ၂ ဦးအပါအဝင် စစ်ကောင်စီတပ်သားနှင့် စစ်တပ်သတင်းပေး
စုစုပေါင်း ၁၀ ဦးကျော် အထိ ရှင်းလင်းနိုင်ခဲ့ကြောင်း မြေအောက်လျှပ်စစ်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်ကပြောသည်။
#Ayeyarwaddy_Times