ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်
စစ်ကိုင်းတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။
တပ်အင်အား ၅၀ နီးပါးရှိသည့် စစ်ကောင်စီတပ်ကို ပေါက်မြို့၊ အိမ်တွင်းမှုအတတ်သင်ကျောင်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)ထံမှ သိရသည်။
“သူတို့က မြို့ပေါ်မှာ ဂိတ် ၅ ဂိတ်လောက်ချထားပြီး အင်အား ၁၀၀ နီးပါးရှိတယ်mအခု အဲ့ဒီအတတ်သင်ကျောင်းကို သွားတိုက်ခိုက်တာ ၂ကြိမ်ရှိပြီ၊ကျတော်တို့ သွားတဲ့အချိန် သူတို့က သောက်စားနေကြတာဗျ၊ပြီးတော့ သူတို့ဘက်က ပြန်လည်ပစ်ခတ်လို့ တစ်နှာရီကျော်လောက် တိုက်ခိုက်ခဲ့ရတယ်၊သူတို့ဘက်က ၂ယောက်သေဆုံးပြီး၆ယောက်လောက် ဒဏ်ရာရသွားတယ်လို့ သိရတယ်”ဟုမြိုင်(ပကဖ)ခေါင်းဆောင်ဗိုလ်လက်ယာကဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်(ပကဖ)တပ်ရင်း(၁) နှင့်အတူ ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့၊ ပေါက်မြို့ဗိုလ်တစ္ဆေအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)ထံမှသိရသည်။