ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၅ ရက်

စစ်ကိုင်းမြို့၊ မန္တလေး – မုံရွာလမ်းပေါ်အတိုင်း မောင်းလာသည့် စစ်ကောင်စီကား ဖေဖော်ဝါရီလ ၅ ရက်နေ့ ယနေ့ မနက်ပိုင်းတွင် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့​ကြောင်း သတင်းရရှိသည်။

တပ်မ ၃၃ ကထွက်လာပြီး အင်အား ၃၀ နီးပါးတင်ဆောင်လာသည့် စစ်ကောင်စီကားအား ယနေ့မနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ရွာမနှင့် နတ်ခရိုင်ကြား၌ ဒေသကာကွယ်ရေးအဖွဲ့က မိုင်းဖြစ်တိုက်ခိုက်ကြောင်း Zero ပြောက်ကျားအဖွဲ့ထံမှ သိရသည်။

” သူတို့ကားကို ကျွန်တော်တို့က မိုင်းဆွဲတော့ ဆင်းလာပြီး ရမ်းသမ်းပြီး ပြန်ပစ်ခတ်ချိန်မှာ ကျတော်တို့က ထပ်ပြီးမိုင်းခွဲလိုက်တာ နေရာမှာတင် ၂ယောက် ပွဲချင်းပြီး သေသွားတယ်”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်တွေအား ရရင် ရသလို တိုက်ခိုက်သွားမှာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်အတူ သရဲနီအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။